Miss Tourism Myanmar 2018 ပြိုင်ပွဲ စီစဉ်နေတဲ့ အလှမယ်၊သရုပ်ဆောင် ခေးလရောင်

0
307

လက်ရှိအနုပညာလောကမှာ လူငယ်မျိုးဆက်သစ်တွေတစ်ဦးပြီး တစ်ဦးပေါ်ထွက်လို့လာခဲ့ပါပြီ။ သူတို့ တွေအနေနဲ့ သူတို့ချစ်တဲ့အနုပညာကိုလုပ်ကိုင် ရင်း ပရိသတ်တွေပေးတဲ့နေရာတစ်နေရာ ရရှိဖို့အတွက်ကိုလည်း ကြိုးစားလျက်ရှိကြပါတယ်။ အဲဒီလိုကြိုးစားနေကြတဲ့ လူငယ်တွေထဲမှာ အလှမယ်၊ သရုပ် ဆောင်ခေးလရောင်လည်း တစ် ယောက်အပါအဝင်ပါပဲ။ သူကတော့ Miss Tourism 2016 ပြိုင်ပွဲနဲ့ Miss Charity ပြိုင်ပွဲတွေမှာ Winner ဆုရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ ဒါ့အ ပြင် အခုလက်ရှိမှာလည်း ဗီဒီယို ဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာ ပါဝင်သရုပ်ဆောင်ထား ပါတယ်။ သူက အနုပညာနဲ့ပတ် သက်လို့ အကုန်ဝါသနာပါပြီး မော်ဒယ်လ်၊ သရုပ်ဆောင်၊ ဂီတ ၃ ခု စလုံးကိုလုပ်ကိုင်ချင်ပါတယ်လို့ ခေးလရောင်က ပြောပါတယ်။

ဒီအနုပညာ ၃ ခုကတော့ တစ်မျိုးနဲ့တစ်မျိုး လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် သူ့အနေနဲ့ ကြိုးစား အားထုတ်ရပုံချင်းလည်းမတူပါဘူး။

”Miss ကတော့ အမြဲတမ်းလှ နေရင် ပြီးတာပါပဲ။ ဓာတ်ပုံရိုက်ခံရင် လည်းလှနေရမယ်။ အမြဲတမ်းပြုံးနေရမယ်ပေါ့။ ရုပ်ရှင်ရိုက်ကူးတာကျတော့ အဲဒီလိုမဟုတ်ဘူးလေ။ ငိုချင် ရင်လည်းငိုရမယ်။ ရုပ်ဆိုးအောင် သရုပ်ဆောင်ရင်လည်း သရုပ်ဆောင်ရမယ်။ ပေးလာတဲ့ကာရိုက်တာအပေါ်မှာမူတည်ပြီး အမျိုးမျိုး ပြောင်းလဲနေတာလေ။ ပြီးတော့ သရုပ်ဆောင်ရာမှာ တစ်ခုခု အခက်အခဲဖြစ်တာက ခေးမျက်နှာကချိုတယ်လေ။ ငိုရင် ငိုနေတာနဲ့မတူဘူး။ ရယ်နေသလိုပဲတဲ့။ အဲဒီတစ်ခုက တော့ အခက်အခဲရှိတယ်” လို့ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး ခေးလရောင်ကပြောပြပါတယ်။

သူက Miss ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တော့မှာ မဟုတ်ပေမယ့် သူစီစဉ်နေတဲ့ Miss ပြိုင်ပွဲတစ်ပွဲရှိပါတယ်။ အဲဒီပြိုင်ပွဲကတော့ သူ Winner ရရှိခဲ့တဲ့ Miss Tourism Myanmarယှဉ်ပြိုင်ပွဲပဲဖြစ်ပါတယ်။

”ခေးပြိုင်ခဲ့တဲ့တုန်းကလိုပါပဲ။ ပြိုင်ပွဲစည်းကမ်းတွေ၊ ပြိုင်ရမယ့်ပုံစံတွေကအစပေါ့လေ။ ခေးကိုယ်တိုင်လည်း ပြိုင်ခဲ့ တာဖြစ်တော့ ဒီနှစ်ဝင် ပြိုင်မယ့်သူတွေက ပိုပြီးတော့ အားသာတာပေါ့လေ။ ခေးရဲ့အတွေ့အကြုံတွေအကုန်လုံးကို ပြောပြမယ်။ ခေးတုန်းက လိုအပ်ချက်တွေ ပြင်ဆင်ရမယ့်အရာတွေကို ပြောပြမှာဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်တွေအနေနဲ့ ပိုပြီးအဆင်ပြေသွားမှာပါ” လို့ သူကပြောပါတယ်။

ဒီပြိုင်ပွဲကိုတော့ အကောင်းဆုံးဖြစ်အောင် စီစဉ်သွားမှာဖြစ်ပြီး ပြိုင်ပွဲမှာ Winner ရသွား တဲ့အလှမယ်အပြင် ကျန်တဲ့အလှမယ်တွေကိုပါ လူသိအောင်ပံ့ပိုးလုပ်ဆောင်ပေးသွားမှာဖြစ် တယ်လို့ ဆိုပါ တယ်။ ခေးလရောင်အနေနဲ့ ဆက်ပြောတာကတော့ သူ့အနေနဲ့ အလှမယ်ပြိုင်ပွဲတွေ ဝင်ပြိုင်လိုက်ခြင်းကြောင့် ရုပ်ရှင်တွေ၊ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးရတာက ပိုပြီးတော့အဆင်ပြေမှုတွေရှိလာ တယ်လို့ ဆိုပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here