လူငယ်အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် မဝေသစ်လွင် ရဲ့ အောင်မြင်ခြင်း လျှို့ ဝှက်ချက်

0
240

မဝေသစ်လွင်ဆိုတာ အောင်မြင်တဲ့ လူငယ်အမျိုးသမီးစီးပွားရေးလုပ် ငန်းရှင်တစ်ယောက်ပါ။ သူဟာ နေ့စဉ်နေ့တိုင်း စီးပွားရေးလုပ်ငန်း များစွာကို ဦးစီးဦးဆောင်လုပ်ကိုင် နေသူတစ်ဦး။ သူနဲ့ တွေ့ဆုံခိုက် ဘာမေးမှာလဲလို့ သူက မေးခွန်း ထုတ်တော့ အစ်မက Star ပဲဟာကို။ မေးစရာတွေ အများကြီးပဲပေါ့လို့ ပြောလိုက်ပါ တယ်။

”အရင်တုန်းက သစ် စီးပွားရေး တွေ အများကြီးလုပ်ကိုင်ခဲ့ပါတယ်။ အခုကျမှ အစ်ကိုပြောသလို Star ဖြစ်သွားတယ်ပေါ့။ Bella က သစ်ကို ဆုတောင်းပေးတယ်။ Star လေးတစ်ယောက်ဖြစ်ပါစေ ပေါ့။ Star ဖြစ် ချင်ရင် Bella သုံးကြပါ(ရယ်လျက်)” လို့သူက ပေါ့ပေါ့ ပါးပါးပဲပြန်လည်ပြောပါတယ်။ မဝေ သစ်လွင် နဲ့အဓိက မေးမြန်းဖြစ်တာက အမျိုးသမီး လေးတွေ အနေနဲ့ ဘဝမှာဘယ်လိုအောင်မြင်အောင် ကြိုးစား မလဲဆို တာကိုပါ။

”သစ်ရဲ့ ဘွားဘွားက ဘာပြော လဲဆိုတော့ မိန်းကလေးဆိုတာ အမြဲ တော်နေပါစေ၊ အမြဲလှနေပါစေ၊ အမြဲ ကိုယ့်ပိုက်ဆံကိုယ်ရှာနိုင် ပါစေတဲ့။ တော်တယ်ဆိုတဲ့ဟာက ကျောင်းပညာရေးတင်မကဘူး။ အလုပ် မှာရော၊ အိမ်ထောင်ရေးမှာရော၊ အိမ်တွင်းရေးမှာရော တော်အောင်နေပါ။ ဒုတိယတစ်ခုကကျတော့ အမြဲလှ အောင်နေပါ။ ဆိုလိုတာက နေ့တိုင်း မင်းသမီးလိုလှ ဖို့ပြောတာမဟုတ်ပါဘူး။ သေသေသပ်သပ်၊ သပ်သပ်ရပ် ရပ်နဲ့ ကိုယ့်ခင်ပွန်းက အစ ပြီး တော့ ကိုယ်နဲ့အလုပ်လုပ်နေရတဲ့သူတွေ အကုန်လုံးက ”သြော် … ကျက်သရေရှိပါလား ပေါ့” ဆိုပြီး ဖြစ်နေတာမျိုးပါ။ နောက်တစ်ခုက ကိုယ့် ပိုက်ဆံကိုယ်ရှာဖို့ပါ။ ကိုယ့်ပိုက်ဆံ ကိုယ်ရှာဖို့ဆိုတဲ့ဟာက သစ်ဆိုလို့ ရှိရင် မိဘလည်း အထိုက်အသင့် ပိုက်ဆံရှိတယ်။ သစ် အမျိုးသားဆိုရင်လည်း အထိုက်အသင့်ပိုက်ဆံရှိတယ်။ ဒါပေမဲ့ သစ်ဘာဖြစ်လို့ အလုပ်လုပ် သလဲဆိုတော့ သစ်မိဘက ငယ်ငယ်ကတည်းက ဘာပြောလဲဆိုတော့ သူတို့မရှိရင် ဘာဖြစ်မ လဲ။ သစ်အမျိုးသားနဲ့ သစ်နဲ့ အသက်ကွာတယ်။ အသက်ကွာတဲ့အချိန်မှာ ကျတော့ သူက သစ်ကို ငယ်ငယ်ကတည်းက စကြိုက်ကတည်းက Push ပေးတယ်။ သူမရှိတော့ရင် သူ့ကလေး ၂ ယောက်ကို ဆက်ကျွေးဖို့က သစ်မှာ တာဝန်ရှိတယ်။ အဲဒီအတွက် ကြောင့်မို့လို့ သစ်က အမြဲတမ်း ကိုယ့် ပိုက်ဆံကိုယ်ရှာနိုင်အောင်လုပ်တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်အောင် လုပ်တယ်။ မိဘမရှိရင်သော်လည်းကောင်း၊ ယောက်ျားမရှိရင်သော် လည်းကောင်း ကိုယ့်ဝင်ငွေ ကိုယ်ရှာနိုင်အောင်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည် နိုင်အောင် လုပ်ပါပေါ့။ သစ်ရတဲ့ ပိုက်ဆံကို မိဘကိုလည်း ပြန်ပေးစရာမလိုဘူး။ ယောက်ျား ကိုလည်း ပြန်ပေးစရာမလိုတဲ့အတွက် သစ်လှူ နိုင်တယ်”လို့ မဝေသစ်လွင်က ပြော ပါတယ်။

ဖေ့စ်ဘုတ်ခ်ကို နေ့စဉ်သုံးနိုင် တယ်ဆိုလို့ရှိရင် ဖေ့စ်ဘုတ်ခ်မှာ ဈေး ရောင်းဖို့ အချိန်ရှိပါ တယ်လို့ အိုင်ဒီ ယာတချို့ကို ပြောပြတဲ့ မဝေသစ်လွင် က သမ္မာအာဇီဝအလုပ်ကိုလုပ်တယ် ဆိုလို့ရှိရင် အကုန်လုံးအဆင်ပြေပါ တယ် လို့လည်း ဆိုပါတယ်။

”သစ်ဘွဲ့ရတဲ့နေ့မှာ ဖေဖေက ဘာပြောလဲဆိုတော့ ဒီနေ့က သမီးကို ကျောင်းကနေ ပြီးတော့ ဒီနှစ် သမီးစာမေးပွဲအောင်လား၊ မအောင်လားဆိုတာ နောက်ဆုံးဆုံးဖြတ်ပေး တဲ့နေ့။ ဒီနေ့ပြီးရင် နောက်နှစ်ကိုကျတော့ သမီး စာမေးပွဲအောင်လား၊ မအောင် လား ဘယ်သူဆုံးဖြတ်ပေးမှာ လဲ။ ကိုယ့်ဘာသာကိုယ်ပဲ ဆုံးဖြတ်ရ တော့မယ်။ သစ်ကျောင်း ပြီးတဲ့နေ့က မေလ ၂၅ ရက်နေ့ပေါ့။ မေလ ၂၅ ရက်နေ့တိုင်းမှာ ဒီနှစ်မှာ လူဘယ်နှ ယောက်ကို အကျိုးပြုခဲ့လဲ။ လူဘယ် နှယောက်ကို အလုပ်ပေး နိုင်ခဲ့လဲ။ လူတွေကို သစ်ဘယ်လိုအကျိုး ပြုပေးနိုင်ခဲ့ သလဲ။ သစ် မိဘကို ဘယ်လို အကျိုးပြု ပေးနိုင်ခဲ့ သလဲ။ သမီး ၂ ယောက်နဲ့ ယောက်ျားကို ဘယ်လို အကျိုးပြုပေးနိုင် ခဲ့လဲဆိုတဲ့ ဟာကို အမြဲတမ်းစဉ်းစားပါ တယ်။ အဲဒါပြီးရင် နောက်နှစ် ဘာဖြစ် မလဲဆိုတာ ကို အမြဲတမ်းစဉ်းစားပါတယ်။ အကယ်၍ တစ်နှစ် တစ်တန်းမအောင်ဘူးဆို လို့ရှိရင် ဘာလုပ်မလဲပေါ့။ သစ်လည်း တစ်နှစ်တစ်တန်း အောင် ခဲ့တဲ့နှစ်တွေ ရှိပါတယ်။ ကျခဲ့တဲ့နှစ်တွေလည်း ရှိပါတယ်။ ဘယ်နှစ်တွေ ကျခဲ့လဲဆို လို့ရှိရင် ကိုယ့်ဘာသာ ကိုယ်အရမ်း အောင်မြင် တယ်ထင်ပြီးတော့ ဆက်မကြိုးစားတဲ့နှစ်တွေဆိုရင် ကျတယ်။ ကိုယ့်ဘာသာ ကိုယ်အရမ်းအထင် ကြီးသွားလို့ ရှိရင်ကျတာပဲ။ တစ်နှစ်တစ်တန်း အောင်လား၊ မအောင်လား ဆိုတာကို ဖေဖေက အမြဲစဉ်းစား ဖို့ပြောပါတယ်။ နောက်တစ်ခုက မြန် မာမိန်းမတွေ အကုန်လုံးက အရမ်းထက်မြက်ပါတယ်။ မိန်းမတွေက ယောက်ျားတွေကို ချစ်လွန်းလို့ သာ ဦးစားပေးတာ။

သစ်ဆိုလို့ ရှိရင် အဘွားရဲ့အဘွားက သမီး ၂ ယောက်၊ အဘွားက သမီး ၂ ယောက်၊ အမေက သမီး ၂ ယောက်၊ သစ်က သမီး ၂ ယောက်။ အဲဒီတော့ မိန်းမတွေကို Very Empower လုပ်တဲ့ Family ပေါ့။ မိန်းကလေးတစ်ယောက်က မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိပါဘူး။ ဒီဟာကို သစ်တို့ နိုင်ငံ့ရဲ့ခေါင်းဆောင်ကြီး အမေစုကိုယ်တိုင်လည်း ပြတာပဲလေ။The Most Powerful Women List ထဲမှာပါတယ်လေ။
မြန်မာမိန်းကလေးတိုင်း ကတော်ပါတယ်။ ယောက်ျားလေးတွေက ပိုတော်တယ်ဆိုတာမရှိပါဘူး။ ကိုယ်ဘယ်လောက် ကြိုးစားတယ် ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ပြီးတော့ တခြားနိုင်ငံတွေမှာဆို မိန်းမတွေ ဘာမှမလုပ်ရဘူး၊ ညာမလုပ်ရဘူးရှိ တယ်။ မြန်မာမှာ အဲဒီလိုမျိုးမရှိပါဘူး။ တစ်ခုရှိတာက မြန်မာပြည်မှာက ‘သားကိုသခင်၊ လင်ကိုဘုရား’ လို့ သဘောထားပြီး ယောက်ျားတွေကို ချစ်လို့ဦးစားပေးတာပဲ ရှိတာပါ။ ကိုယ့်ဘာသာကိုယ်နည်း နည်းပြန်ပြီး ဦးစားပေးလိုက်တယ်ဆိုရင် ပိုပြီး တော့အောင်မြင်မှာပါ။ အဲဒီတော့ အမျိုးသမီးတိုင်းအောင် မြင်နိုင်ပါတယ်” လို့ မဝေသစ်လွင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here