ဂီတဘက်မှာ အောင်မြင်နေတဲ့ အဆိုတော်မလေး Bobby Soxer ကို သရုပ်ဆောင် တစ်ယောက်အဖြစ် မြင်ရတော့မလား

0
199

၂ဝဝ၈၊ ၂ဝဝ၉၊ ၂ဝ၁ဝ ခုနှစ်ကာလတွေမှာအသံခပ်စာစာနဲ့ Female Rapper ကောင်မလေးတစ် ယောက်ပေါ်ထွက်လာခဲ့ပါတယ်။ Rap တွေဆိုတာမြန်မှမြန်ပဲ။ သူကတော့ ထက်ထက်လို့ခေါ်ကြတဲ့ Bobby Soxer ပါပဲ။ Bobby Soxer လို့ဆိုလိုက်ရင် ‘ပျော်စရာကြီး’ စီးရီးခွေထဲမှာ လွှမ်းပိုင် နဲ့အတူတူဆိုတဲ့ ‘ခုန်လိုက်’သီချင်းနဲ့ စသိတဲ့သူလည်း ရှိတယ်။ ဒီထက်ပိုစောမယ်ဆိုရင် ရဲလေးရဲ့ ‘မနှုတ်ဆက်ချင်ဘူး’ သီချင်းမှာ Rap ဝင်ဆိုပေးတဲ့ ကောင်မလေး။ အဲဒီအချိန်တုန်းက ဆယ်ကျော် သက်အရွယ်လေးပဲရှိ သေးတဲ့ Bobby Soxer။ ‘ဒုံးပျံ’ လို့အမည်ပေးထားတဲ့ လွှမ်းပိုင်နဲ့ ၂ယောက်တွဲ စီးရီးခွေမှာ Bobby Soxer ဆိုတဲ့အဆိုတော်မလေးက တစ်နိုင်ငံလုံးသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုရမှာပါ။ Bobby Soxer ရယ်လို့ ဖြစ်လာတဲ့အပေါ်မှာ လွှမ်းပိုင်ကို ချန်ထားခဲ့လို့မရပါဘူး။

”များသောအားဖြင့် ညီမကို ကိုလွှမ်းပိုင်ကပဲ အကြံဥာဏ်ပေးဖြစ်တာများပါတယ်” လို့လည်း Bobby Soxer ကဖြေထားပါတယ်။ လွှမ်းပိုင် နဲ့ Bobby Soxer တို့က အခုဆိုရင် ချစ်သူသက်တမ်း ၉နှစ်လောက်ရှိနေပါပြီ။ အားကျစရာ Cele Couple စုံတွဲပါပဲ။ Bobby Soxer ရဲ့ လတ် တလောလှုပ်ရှားမှုကတော့…..

”၂၁ စီးရီးခွေ အမ်တီဗီကို ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Channel+ Music ကနေပြီးတော့ ပရိသတ်တွေကို အမ်တီဗီအသစ်တွေတော့ ညီမပေးထားပါတယ်။ စီးရီးခွေ မထွက်ဘဲနဲ့ပေါ့နော်။ ရုပ်သံလိုင်းတွေကနေပြီး တမင် Exclusive ပေးပြီးတော့ထုတ်လွှင့်လိုက်တာပါ။ အဲဒါပြီးရင်တော့ ဒီနှစ်ထဲမှာညီမရဲ့နောက်ထပ်တစ်ကိုယ်တော်စီးရီးခွေအသစ်ထွက်ဖို့ရှိပါတယ်” လို့ သူကပြောပြပါတယ်။ Music Video အခွေအနေနဲ့ သီးသန့်မထွက်ဘဲ ရုပ်သံလိုင်းကို Exclusive ပေးဖြစ်တာက…..

”ရုပ်သံလိုင်းတွေဖြစ်တဲ့အတွက် ဒီဟာကို တပ်ဆင်ထားတဲ့ တကယ့်ကို ချောင်ကျတဲ့ မြို့တွေဆို ရင်လည်း သတ်သတ်ကြီးအခွေထွက် ဝယ်စရာမလိုဘဲနဲ့ သူတို့အတွက် လွယ်လွယ်ကူကူနဲ့ ကြည့် လို့ရမယ်ပေါ့နော်။ ဒါပေမဲ့ အခွေထွက်သလိုမျိုးတော့ မြန်မြန်ဆန်ဆန် သိပ်ပြီးမပျံ့နှံ့တာမျိုးတော့ ရှိတာပေါ့။ အခွေထဲမှာပါတဲ့ သီချင်းတွေ အကုန်လုံးကို ပြပြီးသွားပြီဆိုလို့ရှိရင်Pyone Play တို့ကနေ Free to Air ပြန်ပြပေးသွားမှာပါ” လို့ ပြောပါတယ်။ ချစ်သူဖြစ်တဲ့ လွှမ်းပိုင်ကတော့ သရုပ်ဆောင် လုပ်နေတာအဆင်ပြေနေပါပြီ။ ”ကိုလွှမ်းပိုင်သရုပ်ဆောင်တာ ညီမအရမ်း အားရတာပဲ”လို့လည်းထက် ထက်ကဖြေထားလေတော့ သူ့အနေနဲ့ကော အဲဒီဘက်မှာတွေ့ရလေဦးမလား ဆိုတာ မေးဖြစ် ပြန်ပါတယ်။

”အခြေအနေ၊ အချိန်အခါပေါ်မှာတော့ မူတည်တာပေါ့။ ဒါပေမဲ့ လောလောဆယ် ကတော့ လုပ်ဖို့မရှိပါဘူး” လို့ ထက်ထက် (Bobby Soxer) ကပြောပါတယ်။ Bobby Soxer ရဲ့ သီချင်းအသစ်တွေအတွက် ပရိသတ်ကို ပြောချင်တဲ့ စကားက……

”သီချင်းတွေကတော့ ညီမ ဖီလင်လာတဲ့အတိုင်း လုပ်တာပေါ့နော်။ သီချင်း ပုံစံကတော့ သရုပ်ဖော်တာမဟုတ်တဲ့အတွက် နည်းနည်းလေးတော့ ပြောပြရခက်တယ်။ ညီမဘယ်လိုပုံစံလုပ် ထားတယ်တို့ဘာတို့ကိုလေ။ အဲဒီတော့ ညီမစီးရီးခွေထွက်လို့ရှိရင် ပရိသတ် မျှော်ရကျိုး နပ်တဲ့အခွေတစ်ခွေဖြစ်အောင် ညီမကြိုးစား နေပါတယ်” လို့ သူက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here