အစ်မဖြစ်သူ စမိုင်းလ် ကို အားကျတယ်ဆိုတဲ့ သရုပ်ဆောင် ဧကရီစုစံ

0
145

သရုပ်ဆောင်ဧကရီစုစံက မင်းသမီးကြီး ဒေါ်ခင်လေးဆွေ ရဲ့မြေးဖြစ်သလို စမိုင်းလ်ရဲ့ ညီမတစ်ဝမ်းကွဲ တော်စပ်သူလည်း ဖြစ်ပါတယ်။ သူဟာဗီဒီယို ဇာတ်ကားတွေများစွာ ရိုက်ကူးပြီး စီးခဲ့ပြီလည်းဖြစ်သလို ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးခဲ့ပါ တယ်။ ဇူလိုင်လထဲမှာလည်း ရုပ်သံတစ်ခုက ရိုက်ကူးမယ့် ဇာတ်လမ်းတွဲ တစ်ခုမှာပါဝင် သရုပ်ဆောင်ဦးမှာဖြစ်ပါတယ်။ လက်ရှိ ဗီဒီယိုအခြေအနေက ယိုယွင်းနေတာကြောင့် ဇာတ် ကားရိုက်ကူးမှုတွေနည်းပါးသွားပါတယ်။ ဒီလိုနည်းပါးမှုတွေ ကြောင့် သူတို့အနေနဲ့လည်း ဇာတ်ကားရိုက်ကူးမှုအပိုင်းမှာ အနည်းငယ် ရိုက်ခတ်မှုတွေရှိပါတယ်။

”ကိုယ်က ရုပ်ရှင်ဇာတ်ကားကြီးတွေကို အမြဲတမ်း အဆက်မပြတ် ရိုက်ကူးနေရတဲ့သူမဟုတ်ဘူးလေ။ သရုပ် ဆောင်အကြီးတွေပါမယ်။ ပြီးရင် ကိုယ်တွေအငယ်တွေပါတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေတော့ ရိုက်ကူးရတယ်။ ဗီဒီယိုကတော့ ပုံမှန်ရိုက်ကူးနေရတာလေ။ အဲဒီတော့ ပိုပြီးတော့ အလုပ်ဖြစ် တယ်။ အဲဒီအချိန်မှာ ဈေးကွက်က အဲဒီလိုဖြစ်သွားတော့ အလုပ်လည်း နည်းနည်းပါးသွားတာပေါ့လေ။ ဒါပေမဲ့ အနု ပညာတစ်လောကကလုံး ဖြစ်နေတာဆိုတော့ ဘာမှမတတ် နိုင်ဘူးလေ” လို့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ သရုပ် ဆောင် ဧကရီစုစံက ပြောပါတယ်။ သူဟာအချစ်ရေးနဲ့ ပတ်သက်ပြီး သတင်းတွေအတော်ငြိမ်ပါတယ်။ ချစ်သူရည်းစား နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း Facebook မှာတင်လေ့တင်ထနည်းတဲ့အတွက်ကြောင့် သူ့အချစ်ရေးနဲ့ ပတ်သက်လို့သိရှိရမှုနည်းကြပါတယ်။ ဒါနဲ့ပတ်သက်လို့မေးတဲ့ အခါမှာတော့ . . .

”ရည်းစားတော့ထားဖြစ်တယ်။ ရှိတဲ့အခါလည်းရှိတယ်။ ပြတ်တဲ့အခါလည်းပြတ်တယ်။ ဖေ့စ်ဘွတ်စ် စပြီး သုံးတဲ့အချိန် တုန်းကတော့ တင်ဖြစ်တယ်။ နောက်ပိုင်းတော့ကိုယ့်ရဲ့ ဆရာ သမားတွေကပြောကြလို့ တော်ရုံတန်ရုံ ကိစ္စလောက်ဆိုရင် မတင် ဖစ်တော့ဘူး။ အခုကတော့ ချစ်သူက ရှိတယ်လို့လည်း ပြောလို့ရသလို မရှိဘူးလည်းပြောလို့ရတယ် (ရယ်လျက်)”လို့ ဧကရီစုစံက ပြောပါတယ်။ သူက အစ်မဖြစ်သူစမိုင်းလ်တို့ ဇနီးမောင်နှံကို အားကျတဲ့သူလည်းဖြစ်ပါတယ်။

စမိုင်းလ်တို့မောင်နှံက သူငယ်ချင်းကနေ ရည်းစား၊ ရည်းစားကနေ အိမ်ထောင်ဖက်ဖြစ်သွားကြတာဖြစ်ပြီး သူတို့ မိသားစုကပျော်စရာလည်းကောင်းသလို ကြည်နူးဖို့ကောင်း ကြောင်း ပြောပြပါတယ်။

”ကိုယ်အားကျတိုင်းလည်း အဲဒီလိုမျိုးလည်းဖြစ်ချင်မှဖြစ် မှာလေ။ ကုသိုလ်ကံနဲ့လည်း ဆိုင်သေးတယ်။ သူက အရင် ဘဝက ကောင်းမှုကုသိုလ်တွေ အများကြီးလုပ်ခဲ့တာကြောင့် ဒီဘဝမှာ စိတ်ချမ်းသာရတယ်။ ပြီးတော့ သူကအခုလက်ရှိလည်း ဘာသာရေးနဲ့ ပတ်သက်ပြီး တအားလုပ်တယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ သူပြန်ခံစားရတယ်လို့ပဲ မြင်မိတယ်” လို့ အစ်မ ဖြစ်သူနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို ပြောပြပါတယ်။ သူ့ အနေနဲ့ကတော့ အိမ်ထောင်ပြုဖို့လိုသေးပြီး အနုပညာ နဲ့ပတ်သက်လို့ကတော့ လုပ်နိုင်တဲ့ အချိန်အထိလုပ် ကိုင်နေဦးမယ်လို့ စဉ်းစားထားကြောင်း ဧကရီစုစံက ပြောပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here