Miss Teen Internat ional 2018 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မယ့် အလှမယ် မှူးထိပ်ထား

0
219

Miss Teen International Myanmar 2018 အလှမယ် မှူးထိပ် ထားကတော့ ထိုင်းနိုင်ငံဘန်ကောက် မြို့မှာ ဇူလိုင်လအတွင်း ကျင်းပပြု လုပ်မယ့် Miss Teen International Myanmar 2018 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စား ပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ယင်းအကြောင်းအရာများနဲ့ပတ်သက်ပြီး ဇွန်လ ၂၅ ရက် နေ့က ရန်ကုန်မြို့ City Star Hotel မှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ သူ့ အနေနဲ့ အဆိုပါပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တဲ့အကြောင်းကို …

”Miss Teen International Myanmar 2018 ပြိုင်ပွဲဝင် ဖြစ်ခဲ့ တာကတော့ ညီမ အရင်ကတည်းက ဝါသနာပါတယ်။ မိတ်ဆွေတစ်ဦးက လည်း ဒီပြိုင်ပွဲဝင်ပြိုင်ဖို့ တိုက်တွန်း တယ်။ နောက်ပြီးပြိုင်ပွဲခေါင်းစဉ် ကလည်း ညီမနဲ့လိုက်မယ်လို့ ထင် တယ်။ အဲဒါကြောင့် ဝင်ပြိုင်ဖြစ်ခဲ့ တာပါ။ ညီမအနေနဲ့ပထမဆုံးဝင်ပြိုင် ခဲ့တဲ့ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ First Time ဖြစ်တဲ့အတွက်လည်း အခက် အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ ဝင် ပြိုင်ခဲ့တဲ့ အဓိကရည်ရွယ်ချက်က တော့ Miss တစ်ယောက်ဖြစ်ဖို့က ညီမရဲ့အိပ်မက်လည်း ဖြစ်တယ်။ ပြီး တော့မြန်မာ့ဂုဏ်ကိုလည်း ဆောင် ချင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

နိုင်ငံကိုယ်စားပြုအလှမယ်တစ် ယောက်ဖြစ်သွားပြီဖြစ်တဲ့ သူက နိုင်ငံရပ်ခြားမှာ သွားရောက်ယှဉ်ပြိုင် ဖို့ ပြင်ဆင်မှုနဲ့ နိုင်ငံကိုယ်စားပြုရမယ့် ခံစားမှုကိုလည်း ဆက်လက်ပြောပြခဲ့ ပါတယ်။

”ညီမက ထိုင်းနိုင်ငံ ဘန် ကောက်မြို့မှာ သွားရောက်ယှဉ်ပြိုင် ရမှာပါ။ သူများနိုင်ငံမှာ သွားပြိုင် ရမှာဆိုတော့ ဘာသာစကားပိုင်းကို အဓိကပြင်ဆင်နေတယ်။ ပြိုင်ပွဲနဲ့ပတ် သက်တဲ့ လိုအပ်ချက်မှန်သမျှကိုလည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ အစစ အရာရာ ပြင်ဆင်နေပါတယ်။ Talent ပိုင်းကျတော့ မြန်မာနိုင်ငံ ကိုယ်စားပြုဖြစ်တဲ့အတွက် မြန်မာ့ ယဉ်ကျေးမှုနဲ့ပတ်သက်တာကိုပဲပြသသွားမှာပါ။ ညီမရဲ့ အားသာချက် ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံ ကြည်မူရှိတယ်။ မြန်မာနိုင်ငံကို ကိုယ်စား ပြုရမယ့်အတွက် အရမ်းပျော်ပါတယ်။ နိုင်ငံကိုယ် စားပြု Miss တစ်ယောက် ဖြစ်သွား ပြီဆိုတော့ အစစစအရာရာ ဆင်ခြင် ရတယ်။ ညီမက အခုမှ ဆယ်တန်း အောင်ထားတဲ့ လူငယ်တစ်ယောက် ဆိုပေမယ့်လည်း အသွားအလာအနေ အထိုင်က အစပြုပြင်ရတယ်။ ပရိ သတ်တွေ လက်ခံနိုင်လောက်တဲ့ Miss တစ်ယောက်ဖြစ်အောင် လည်း ကြိုးစားသွားပါ့မယ်” လို့ မှူးထိပ်ထားက ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here