အနုပညာခရီးလမ်းရှည်ထက်က အောင်မြင်မှုတွေနဲ့ အကယ်ဒမီနေတိုး

0
115

အကယ်ဒမီ ၃ ဆုရှင် မင်းသားနေတိုးဖြစ်လာဖို့အတွက် ရင်းနှီးပေးဆပ်ခဲ့ရတဲ့အချိန်ကာလတွေက အင်မတန်မှများပြားလွန်း လှပါတယ်။ အကယ်ဒမီဆုရမင်းသားဖြစ်လာဖို့အတွက် နေတိုး ဘယ် လိုဖြတ်ကျော်လာခဲ့ရသလဲဆိုတာ ပရိသတ်အားလုံးမသိသူ မရှိသ လောက်ပါပဲ။ အနုပညာခရီးလမ်းကြမ်းကို အချိန်ကာလပေါင်း များစွာဖြတ်ကျော်လာခဲ့ပြီးမှ နေတိုးဆိုတဲ့ ကမ္ပည်းအက္ခရာကို ပရိသတ်တွေ နှလုံးသားထဲမှာ စိုက်ထူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

နေတိုး အခုလိုဘာကြောင့် အောင်မြင်လာရတာလဲ ဆို တော့ နေတိုးပြန်ပြောပြတဲ့စကားလုံးလေးက အရမ်းရိုးရှင်းလွန်းလှပါ တယ်။ စေတနာကြောင့်ပါတဲ့။ အောင်မြင်ဖို့ဆိုတာက စေတနာက အဓိကကျတယ်လို့ ရိုးရှင်းစွာနဲ့ နေတိုးက ပြောပြပေးခဲ့တယ်။

”အနုပညာရဲ့ ဆိုလိုရင်းကို အဓိကသိပြီး အကြောင်းအရာ တစ်ခုပေါ်မှာ ရိုးရိုးသားသားကြိုးစားမှုနဲ့ ဖြတ်သန်းနိုင်ဖို့လိုတယ်။ စေတနာလည်းထားရမယ်၊ ကိုယ်လုပ်လိုက်တဲ့ အနုပညာတစ်ခုမှာ ကြည့်ရှုသူ ပရိသတ်အပေါ် စေတနာထားပြီး ကိုယ့်ဇာတ်လမ်းရဲ့ သရုပ်ဆောင်မှုတွေမတူအောင် မတူညီတဲ့ခံစားချက်တွေနဲ့ ကိုယ့် ပရိသတ်ကိုပေးနိုင်အောင် ကြိုးစားလုပ်ဆောင်ရမယ်”လို့ နေတိုး က ထပ်လောင်းပြောပြပါတယ်။

အမှန်ပါပဲ။ နေတိုး အကယ်ဒမီဆုကို ရယူသိမ်းပိုက်နိုင်ခဲ့တဲ့ ၃ ကားစလုံးမှာ စရိုက်တစ်ခုနဲ့တစ်ခု မတူညီကြတဲ့အပြင် လေ ယူလေသိမ်းနဲ့ ဟန်ပန်အမူအရာတွေက ကွဲပြားနေခဲ့ပါတယ်။ ပထမဦးဆုံး ‘မိုးညအိပ်မက်မြူ’နဲ့ အကယ်ဒမီရတယ်။ နောက် တော့’နက္ခတ်မှားတဲ့တိုက်ပွဲ’။ ၂ဝ၁၇ခုနှစ်မှာတော့ ‘တာတေကြီး’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲက မမတာဆိုတဲ့ဇာတ်ရုပ်နဲ့အကယ် ဒမီရရှိခဲ့ပါတယ်။

အကယ်ဒမီဆုတွေ တသီတတန်းကြီးရလာလို့ အကယ်ဒမီ နေတိုးက အောင်မြင်မှုအပေါ် သာယာနေပြီလားဆိုတဲ့ အဲဒီမှတ် ချက်ပြု အယူအဆတွေကို နေတိုးက ရိုးရှင်းတဲ့ ဖြေဆိုမှုနဲ့အတူ ပယ်ချသွားခဲ့ပါတယ်။ အဲဒါကတော့ နေတိုးက အောင်မြင်မှု အပေါ်ကို သာယာမနေဘဲ အများပြည်သူအတွက် အကျိုးရှိတဲ့ အရာမျိုးကို လုပ်ဆောင်အသုံးချတတ်ရမယ်လို့ သူ့ရဲ့ဆန္ဒကို ဖြေကြားခဲ့တာပဲ ဖြစ် ပါတယ်။

”ကိုယ်ဘာပဲလုပ်လုပ် နူးညံ့တဲ့ စိတ်နဲ့ပုံဖော်ယူရမယ်။ ကိုယ်လုပ်ရမယ့် အလုပ် တစ်ခုကို စေတနာအပြည့်ပါပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ တိုင်ပင်ဆွေးနွေးတတ်ရမယ်။ အောင်မြင်မှုအပေါ်မှာ မသာယာဘဲ ရှေ့ဆက်အဲဒီအောင်မြင်မှုကို အသုံးချပြီး အများ ပြည်သူတွေအတွက် အကျိုးရှိမယ့် အရာမျိုး လုပ်ဆောင်တတ်ဖို့ လိုအပ်တယ်”လို့ နေ တိုးကတော့ မှတ်ချက်ပြုဆိုပါတယ်။

နေတိုးက အခုလိုမျိုးသူအကယ်ဒမီဆုတွေ ရရှိလာတယ်။ ပြီးတော့ အောင်မြင်မှုတွေ ရရှိလာတယ်ဆိုတာက ပံ့ပိုးပေးတဲ့သူတွေရှိခဲ့လို့သာ ဒီအခြေအနေမျိုးကို ပိုင်ဆိုင်နိုင်တာ ဖြစ်တယ်လို့ဆိုပါတယ်။ သူအောင်မြင်လာမှုအပေါ် နောက်ကွယ်ကပံ့ပိုးပေးသူ ကျေးဇူး ရှင်တွေထဲမှာ သူ့ရဲ့ အဖေနဲ့အမေပါဝင်သလို သူ့ကို စင်တင်ပေးခဲ့တဲ့ ဂျော်လီဆွေနဲ့ သားများကတော့ အနုပညာခရီးလမ်းအတွက် အဓိကအကျဆုံးပံ့ပိုးကူညီသူတွေဖြစ်ခဲ့ တယ်လို့ ပြောပြခဲ့ဖူးပါ တယ်။

အဲဒါကြောင့်လည်း အကယ်ဒမီနေတိုးက အနုပညာလောကမှာ နောက်ထပ်ပေါ် ပေါက်လာမယ့် မျိုးဆက်သစ်တွေအတွက် အသိပေးစကားဆိုခဲ့တာကတော့ …

”အခုခေတ်က ရွေးချယ်မှုတွေ တအားများတယ်။ စိတ်ကို ဒွိဟမထားဘဲ ဝါသနာ ပါရာ အလုပ်တစ်ခုကို ဖြစ်မြောက်အောင်လုပ်ရမယ်။ အခုက အရင်ကထက်စာရင် သင်တန်းတွေ တအားများလာတယ်။ အဲဒါက ဒီရုပ်ရှင်လောက ကောင်းကျိုးတွေ အများကြီးပါလာမယ်။ အနုပညာနဲ့ပတ်သက်ပြီး ကြိုးစားတဲ့ နေရာမှာ စိတ်ဓာတ်ပိုင်း၊ စည်းကမ်းပိုင်း အင်တာနေရှင်နယ်ဖြစ်ဖို့ မဖြစ်ဖို့ဆိုတာက လိုအပ်နေသေးတယ်လို့ မြင် တယ်။ အခုသင်တန်းမှာ မိမိတို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကို မျှဝေပေးတဲ့ သဘောပဲ ရှိသေးတယ်။ တကယ် သက်ဝင်လှုပ်ရှားပြီး ဒီသရုပ်ဆောင် မှုပညာရပ်တွေကို အပြုံး၊ အငို၊ ရှက်တာ၊ ကြောက်တာတွေ အသေးစိတ်ခွဲခြားပြီး သင်ရိုးညွှန်းတမ်းလို စာတွေ့ လက်တွေ့ ကိုယ်ပိုင်ဟန်နဲ့ သင်ကြားနိုင်တဲ့ ကျောင်းမျိုးပေါ်လာဖို့ မျှော်လင့်တယ်”လို့ မှတ်ချက်ပြုစကားဆိုခဲ့ပါတယ်။

အကယ်ဒမီ နေတိုးက လက်ရှိမှာတော့ အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ‘နိုင်ငံကြီးသား’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီ ဇင်ဝိုင်း၊ နေထက်လင်း၊ နေမျိုး အောင်၊အကယ်ဒမီမင်းမော်ကွန်း၊ အကယ် ဒမီထွန်းထွန်း၊ မင်းသွေး၊ ထူးခြား၊ မိုးယံဇွန်၊ စည်ဖြိုး၊ ထွန်းကိုကို၊ သိန်းလင်းစိုး၊ နေရဲ၊ ရွှေသမီး၊ အောန်ဆိုင်း တို့နဲ့အတူတွဲ ဖက်သရုပ်ဆောင်လျက်ရှိနေပါတယ်။ ဒါရိုက်တာကတော့ စတီးလ်(ဒွေးမေတ္တာ) ဖြစ်ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here