ကိုရီးယားရိုးရာ ယဉ်ကျေးမှုဆိုင်ရာ အကအလှများတင်ဆက်ကပြတဲ့ A Thousand Years of Movement ပဒေသာကပွဲ

0
577

မြန်မာနိုင်ငံရဲ့ နှစ် ၇ဝ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် Embassy of Republic of Korea က ကြီးမှူးကျင်းပတဲ့ ကိုရီးယားရိုးရာ ယဉ်ကျေးမှုဆိုင်ရာ အကအလှများ တင်ဆက်ကပြတဲ့ A Thousand Years of Movement ပဒေသာက ပွဲကို ဇွန်လ ၂၅ ရက် ည ၇ နာရီက မန္တလေးမြို့အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။ ”နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ် တာ အလွန်ချစ်မြတ်နိုးဖို့ ကောင်းပါ တယ်။ ကျွန်တော်တို့ နှစ်နိုင်ငံပြည် သူတွေရဲ့ နှလုံးသားနဲ့ စိတ်ကိုဆက် သွယ်ပေးလို့ ဒီပွဲကိုတက်ရောက်အား ပေးခြင်းဖြစ်ပါတယ်၊ ကိုရီးယား ယဉ် ကျေးမှုတွေဟာ မြန်မာနိုင်ငံသူ နိုင်ငံ သားတွေနဲ့ မစိမ်းပါဘူး၊ အနုပညာ လှုပ်ရှားမှုတွေဟာ ပြည်သူတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်တယ် ဆိုပြီး တော့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမြဲ တမ်းပြောပါတယ်၊ အနုပညာဟာ ပြည်သူတွေရဲ့ စိတ်တွေကို နူးညံ့ပျော့ ပျောင်းစေပါတယ်၊ ဒါကြောင့် အနု ပညာနဲ့ ယဉ်ကျေးမှုတွေ ဖလှယ်တာ ဟာ ကျွန်တော်တို့ ကြိုဆိုရမယ့် လှုပ် ရှားမှုတစ်ခုဖြစ်ပါတယ်”လို့ မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရေးပဒေ သာကပွဲမှာ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားခဲ့ပါတယ်။

ပဒေသာကပွဲမှာ နိုင်ငံကျက် သရေမင်္ဂလာအဖြာဖြာခညောင်း ပါ စေကြောင်း ဆုမွန်ကောင်းတောင်း ဆန္ဒပြုသရုပ်ဖော် အကဖြစ်တဲ့ ငြိမ်း ချမ်းရေးဆုတောင်းပွဲ၊ Abak အက၊ ကိုရီယားစက်ဝန်းအက၊ Army Instructor Dance၊ ကျေးရွာငယ် လေးတစ်ခုမှ အမျိုးသမီးငယ်နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတဲ့ အက၊ မြန်မာတိုင်းရင်းသားရိုးရာတေး ဂီတနဲ့ လိုက်ဖက်ညီတဲ့ မဏိစန္ဒာအက၊ ကြက်တူရွေးအက၊ ပင်လယ်ပျော် မိန်း ကလေးအကနဲ့ ဗုံကြီးဗုံသေး အကတို့ နဲ့ကိုရီးယားအနုပညာရှင်များက ကပြဖျော်ဖြေခဲ့ကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here