၂၀၂၀ ပြည့်နှစ်မှာ ရုံတင်ပြသတော့မယ့် Ranbir Kapoor ရဲ့ Shamshera ဇာတ်ကားသစ်

0
140
Shamshera: Ranbir Kapoor joins hands with Yash Raj Films for an action-adventure film

 

ဘောလိဝုဒ်မင်းသား Ranbir Kapoor နဲ့ Vaani Kapoor တို့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ Shamshera လို့အမည် ပေးထားတဲ့ ဘောလိဝုဒ်ဇာတ်ကား သစ်ကို လာမယ့် ၂၀၂၀ ခုနှစ်မှာ ရုံတင်ပြ သတော့မယ်လို့ သိရပါတယ်။ ဒါရိုက်တာအဖြစ် Karan Malhotra က တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီး ထူးခြားမှုအနေနဲ့ ဒီဇာတ်ကားမှာ ဝါရင့်မင်းသားကြီး Sanjay Dutt ပါ ပါဝင်တယ်လို့လည်း သိရပါတယ်။

အဆိုပါဇာတ်ကားဟာ အိန္ဒိယနိုင်ငံရဲ့ ၁၈၀ဝ ပြည့်နှစ်များဆီက အင်္ဂလိပ်ကိုလိုနီတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ အပါအဝင် အခြားသော ဒေ သခံပြည် သူတွေရဲ့ တန်ပြန်တိုက်ပွဲဝင်ဆန့်ကျင်ကြတဲ့အကြောင်းကို အခြေခံထားတာမို့ အလွန်ကိုမှ အမှားမခံဘဲ ခက်ခဲတာ အသေချာ ပဲလို့ ထုတ်လုပ်သူတွေက ရှင်းပြပါတယ်။ အဲဒီခေတ်တုန်းက မျိုးချစ်သူရဲကောင်းဝါဒဆိုတာ ရှိခဲ့ကြတယ်။ အမှန်တကယ်ကို ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ပြန်လည်ကြည့်ရှုကြရမှာပါလို့လည်း ပြောပါသေးတယ်။

ဇာတ်ကားမှာပါဝင်တဲ့ မင်းသား Ranbir Kapoor ဟာ ဘောလိဝုဒ်ရဲ့ ဈေးအကြီးဆုံး မင်းသားတွေထဲက တစ်ယောက်ဖြစ်ပြီး မင်းသမီး Vaani Kapoor ဟာ အသက် ၂၃ နှစ်သာရှိ သေးတဲ့ သရုပ်ဆောင်၊ မော်ဒယ်လ် တစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။

Ref:The Indian Express


LEAVE A REPLY

Please enter your comment!
Please enter your name here