တွစ်တာ စာမျက်နှာကို ဖျက်ပြီး အင်စတာဂရမ်ပြောင်းသုံးတဲ့မင်းသမီး Ariel Winter

0
205

ဟောလိဝုဒ်ကလာတဲ့ သတင်းတွေမှာ မင်းသမီး Ariel Winter က သူ့ရဲ့တွစ်တာ စာမျက်နှာမှာရှိတဲ့ အချက်အလက် အားလုံးကို ဖျက်ပစ် လိုက်ပြီလို့ မင်းသမီးကိုယ်တိုင်က ပြောပါတယ်။ အခုလို သူ့ရဲ့တွစ်တာ စာမျက် နှာအားလုံးကို ဖျက်ပစ်ခဲ့ပြီးတဲ့ နောက်မှာတော့ သူ့ပရိသတ်တွေအတွက် အင်စတာဂရမ်ကို ပြောင်းလဲပြီး စတင်အသုံးပြုနေပါတယ်လို့ ပရိသတ်ကို အသိပေးပါတယ်။

အသက် ၂၀ နှစ်အရွယ် Modern Family ရုပ်သံစီးရီး မင်းသမီးဟာ တွစ်တာစာမျက်နှာတွေကို ကိုယ်တိုင် ဖျက်ပစ်ရတဲ့အကြောင်း ကို ရှင်းပြ တာမျိုး မလုပ်ပေမယ့် မကြာခင် မှာပဲအား ကစား လေ့ကျင့် ရုံမှာ ရိုက်ကူးထားတဲ့သူ့ရဲ့ ဓာတ်ပုံကို အင်စတာ ဂရမ် မှာ တင်ပြလိုက် ပါတယ်။

Ariel Winter ဟာသရုပ် ဆောင် ရုံတင် မက အသံ သရုပ် ဆောင် အ ဖြစ်ပါ အောင် မြင်သူတစ်ဦးပါ။ Modern Family ရုပ်သံစီးရီးနဲ့ အောင်မြင်ခဲ့သလို Disney Junior,Mr.Peabody and Sherman ဇာတ်ကား တွေမှာလည်း အသံနဲ့ထူးချွန်စွာ သရုပ်ဆောင် နိုင်ခဲ့တဲ့ပါရမီရှင်တစ်ဦးလည်း ဖြစ်ပါ တယ်။

Ref:Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here