ထာဝရငြိမ်းချမ်းရေး စေတီတော်တည်ထား ကိုးကွယ်နိုင်ရေးအတွက် အနုပညာရှင်များ ပါဝင်အလှူတော်ငွေ ပေးအပ်လှူဒါန်း

0
311

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟ လမ်း၊ ထာဝရငြိမ်းချမ်းရေးစေတီတော် ပရိဝုဏ် အတွင်း ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထား ကိုးကွယ်နိုင်ရေးအတွက် ဒုတိယအကြိမ် အလှူတော် ငွေပေးအပ်လှူဒါန်းပွဲကို ဇူလိုင်လ ၁ ရက်နေ့က ဝိဇယမင်္ဂလာဓမ္မသဘင်၊ ကမ္ဘာအေးကုန်းမြေမှာ ကျင်းပခဲ့ပါတယ်။

အဆိုပါအခမ်းအနားမှာ ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိက (မဟာသဒ္ဓမ္မဇောတိ ကဓဇ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ)မှ အနုမောဒနာ တရားဟောကြားပေးခဲ့ပြီး ထာဝရငြိမ်းချမ်းရေးစေတီတော်တည်ထားကိုးကွယ်နိုင်ရေးအတွက် ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ အလှူတော်ငွေကျပ်သိန်း ၅ဝ၊ အခြားဌာနဆိုင်ရာများမှ အလှူငွေ အသီးသီး လှူဒါန်းပေးအပ်ခဲ့ကြကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အလှူတော်ငွေကျပ် ၁ဝ သိန်း၊ ဒါရိုက်တာ ကြည်ဖြူသျှင်တို့ မိသားစုမှ အလှူတော်ငွေကျပ် ၁ဝ သိန်း၊ သရုပ်ဆောင်နိုင်းနိုင်းမှ အလှူတော် ငွေကျပ် ၁ဝ သိန်းနဲ့ သရုပ်ဆောင်ဇဏ်ခီနဲ့ ဇနီးဒါရိုက်တာ ခရစ္စတီးနား ခီတို့မှလည်း အလှူတော် ငွေကျပ် ၁ဝ သိန်းတို့ကို အသီးသီး လှူဒါန်းခဲ့ကြပါတယ်။ အလှူတော်ငွေကျပ် ၁ဝ သိန်း လှူဒါန်း ဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီး သရုပ်ဆောင် ဇဏ်ခီက ”ဒီနေ့ဒီလိုမျိုးလေး အလှူငွေလာရောက်ထည့် ဝင်ဖြစ်တဲ့အကြောင်းကတော့ ကျွန်တော့်အသိ မိတ်ဆွေတစ်ယောက်က ဒီဘုရားတည်ခြင်းရဲ့ ရည်ရွယ် ချက်ကို ပြောပြတော့ ကျွန်တော် တို့က နှစ်သက်တယ်။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက်စလုံး ကလည်း မြန်မာပြည်မှာ ငြိမ်း ချမ်းရေးလိုလား တဲ့သူတွေဆို တော့ ထာဝရငြိမ်းချမ်းရေးစေတီ တော်အတွက် လာလှူဖြစ်သွား တာပါ”လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here