စပိန်နိုင်ငံမှာကျင်းပခဲ့တဲ့ရှကီရာရဲ့ El Dorado ဂီတဖျော်ဖြေပွဲ

0
235

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတွေမှာ အောင်ပွဲခံခဲ့တဲ့ အဆိုတော် ရှကီရာ ရဲ့EL Dorado ဂီတခရီးစဉ်ကို စပိန်နိုင်ငံ မဒရစ်မြို့ WiZink ခန်း မကြီးမှာ ကျင်းပခဲ့တယ်လို့ သိရပါ တယ်။ ဒီပွဲမှာ အသက် ၄၁ နှစ်အ ရွယ်ရှိပြီဖြစ်တဲ့ လက်တင်အဆိုတော် ရှကီရာရဲ့ ထူးခြားစွာ ဝတ်ဆင်ထား တဲ့ ဖက်ရှင်ဒီဇိုင်းကို တွေ့ရမှာဖြစ်သ လို အရင်ပွဲတွေနဲ့မတူတဲ့ အကတွေ နဲ့ တင်ဆက်ဖျော်ဖြေသွားတာ ကိုလည်း ကြည့်ရှုခဲ့ရတယ်လို့ ဆိုပါ တယ်။

သူက ကျားတစ် ကောင်ဒေါသ တကြီး ဟိန်းနေတဲ့ ဒီဇိုင်းပုံပါတဲ့ အင်္ကျီကို ဝတ်ဆင်ထားပြီး ထုံးစံအတိုင်း သူ့ရဲ့ နောက်ဆုံးထုတ် စတီရီယိုအယ်လ်ဘမ်ဖြစ်တဲ့ EL Dorado တေးအယ်လ်ဘမ်အတွက် ရည်ရွယ် ပြီး ကျင်းပတဲ့ ဖျော်ဖြေပွဲဆိုလည်းမမှားပါဘူး။ ဒီ အယ်လ်ဘမ်ဟာ သူ့ရဲ့ ၁၁ခုမြောက် အယ်လ်ဘမ်လည်း ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါဂီတပွဲမှာ ဝေ့ဝဲကျနေတဲ့ ရွှေရောင်ဆံပင်တွေကို လှုပ်ခါပြီး သီဆိုနေပုံက ဘယ်တော့မှ ရိုးအီမသွားဘူးလို့ ပရိသတ်တွေက ပြောပါ တယ်။ ကိုလံဘီယာသူ ရှကီရာဟာ Waka Waka ဆိုတဲ့ကမ္ဘာ့ဖလား ပြိုင်ပွဲအဖွင့်သီချင်းကို တောင်အာဖရိကနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာသီဆိုဖျော်ဖြေပွဲပေးခဲ့ပြီး အောင်မြင်မှု အထွတ်အထိပ်ကို ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

Ref:Dailymail


LEAVE A REPLY

Please enter your comment!
Please enter your name here