ယောက်ျားချင်းချစ်ဖို့ကံဇာတာပါလာရင် ရှောင်လွှဲလို့မရပါဘူး ဇေရဲထက်

0
565

အခုတလော လူမှုကွန်ရက်မှာ ယောက်ျားချင်း၊ မိန်းမချင်း ချစ်ကြတာတွေ တွေ့နေမြင်နေရတယ်။ ပြီးတော့ ဇေရဲထက်သရုပ်ဆောင်ထားတဲ့ ‘ရာဇဝင်ရိုင်းခဲ့ သည်’ ရုပ်ရှင်ဇာတ်ကားမှာလည်း ဇေရဲထက်နဲ့ အောင်လေးတို့ယောက်ျားချင်း ချစ်ကြိုက်ကြတဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါဝင်ပါတယ်။ ဒီလိုမျိုးကိစ္စတွေနဲ့ ပတ်သက်ပြီး ဇေရဲထက်ဘယ်လိုမြင်သလဲလို့ဆိုတော့ ”အဓိကက သူတို့တွေသည် ဖူးစာပေါ့နော်။ လူတိုင်း လူတိုင်းကတော့ နာမည်လည်း မပျက်ချင်ကြသလို ဘယ်သူမှလည်း အဲဒီလိုအဖြစ်မျိုးတွေနဲ့ အပြောမခံချင်ကြဘူးပေါ့။ ဒါပေမဲ့ သူတို့ရဲ့ ကံဇာတာကိုက အဲဒီလိုပါလာရင်တော့ ရှောင်လွှဲလို့မရဘူးလေ။ ကျွန် တော်ကိုယ်တိုင်ကတော့ ထောက်ခံသည်လည်း မဟုတ်ဘူး၊ အားပေးသည်လည်း မဟုတ်ဘူး။ သူတို့ ဘုရားပေးတဲ့ ဖူးစာကံအတိုင်းပဲ လက်ခံရမှာပေါ့။ ဒါတော့ ပြောချင်ပါတယ်”လို့ ဇေရဲထက်ကပြောပါတယ်။ ‘ရာဇဝင်ရိုင်းခဲ့သည်’အကြောင်း ဆက်ဖြစ်ပြန်လေတော့ ဒီဇာတ်ဟာရုံမတင်ခင် စရိုက်ကတည်းကိုက ဝေဖန်မှု တွေရှိတယ်။ ဖောက်ပြန်တာတွေ၊ ယောက်ျားချင်းချစ်တာတွေစသဖြင့် ဒီလို အခန်းတွေပါတယ်။ သို့သော် ဆင်ဆာလူကြီးတွေ ဘာကြောင့်ခွင့်ပြုသလဲ။ ပညာပေးမို့လို့ပေါ့လို့ ဇေရဲထက်ကတော့ ထောက်ပြပါတယ်။ သူပြောသလိုပါပဲ။ ‘ရာဇဝင်ရိုင်းခဲ့သည်’ဆိုတဲ့ ဇာတ်ကားဟာ ပညာပေးဇာတ်ကားလေးပါ။

”ဒီဇာတ်ကားလေးသည် ပညာပေးကားတစ်ကားဖြစ်ပါတယ်။ ပြောရရင်တော့ သားသမီးကြောင့် မိဘတွေသိမ်ငယ်ရသလို သားသမီးကြောင့်မိဘတွေ နာ မည်ပျက်ရတာတွေရှိတယ်။ ဒီမှာကျတော့ ရာဇဝင်ဆိုတဲ့ကောင်လေးက သူ့ရဲ့ မိဘတွေကြောင့် စိတ်ဒုက္ခရောက်ပြီးတော့ လုံးဝမဖြစ်သင့်တာတွေဖြစ်ပြီးတော့ သူ့ရဲ့ရာဇဝင်က တော်တော်ကြီးရိုင်းခဲ့တာကိုပြသွားတာပါ။ ပညာပေးဇာတ်ကား လေးပါ။ ဒီလိုမျိုးလေးတွေကို မဖြစ်စေချင်ဘူးပေါ့နော်။ ဒီရာဇဝင်လို ကောင် လေးမျိုးတွေမဖြစ်ဖို့အတွက် မိသားစုတွေ ဘယ်လိုနေထိုင်ကြမယ်၊ ဘယ်လိုကျင့် သုံးကြမယ်ဆိုတာကိုပြထားတဲ့ ဇာတ်ကားလေးပါ”လို့ ဇေရဲထက်က ပြောပါ တယ်။ စိန်ခေါ်မှုတွေများတဲ့’ရာဇဝင်’ဆိုတဲ့ ကာရိုက်တာအပေါ်ကိုလည်း ဇေရဲ ထက်က …

”ကျွန်တော်က ရာဇဝင် ဆိုတဲ့ ကာရိုက်တာအပေါ် ကြိုက် တယ်။ ဒီလိုဇာတ်ကားမျိုးက ကျွန်တော်မရိုက်ကူးဖူး တဲ့ကာရိုက်တာဖြစ်နေ တာကိုး။ အဲဒီအတွက် သဘောကျတယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here