အွန်လိုင်းမှာ ‘ဥပါယ်တံမျဉ်’ဇာတ်ကားပျံ့နှံ့မှုအတွက် ရုပ်ရှင်အစည်းအရုံးက ဖြေရှင်းပေးစေချင်တဲ့ ဒါရိုက်တာခရစ္စတီးနားခီ

0
159

ဒါရိုက်တာ ခရစ္စတီးနားခီကတော့ လတ်တလောမှာ သူ့ရဲ့’ဥပါယ်တံမျဉ်’ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသနေချိန် ဆိုရှယ်မီဒီယာပေါ်မှာ အဲဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေ အကုန်လုံးပျံ့နှံ့ခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ‘ဥပါယ်တံမျဉ်’ရုပ်ရှင်ဇာတ်ကား ပျံ့နှံ့ခဲ့တာနဲ့ပတ်သက်ပြီး ဒါရိုက်တာခရစ္စတီးနားခီ က ”အွန်လိုင်းပေါ်မှာ အစ်မရဲ့ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးပျံ့လာခဲ့တယ်။ ပြီးတော့ ဥပါယ်တံ မျဉ်ရုပ်ရှင်ဇာတ်ကားကလည်း ရုံတင်ပြသနေဆဲကာလဖြစ်တယ်။ အဲဒီတော့ ရုံတင်ပြသနေဆဲကာလ မှာ တကယ့်ကို ကင်မရာနဲ့ ရိုက်ကူးထားတဲ့ဟာ မဟုတ်ဘဲနဲ့တကယ့်ကို နောက်ဆုံး Version ပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် အစ်မမှာတောင်မရှိဘူး။ အစ်မက ဒီကုမ္ပဏီရဲ့ ပိုင်ရှင်အနေနဲ့ ဦးစီးနေတဲ့ လူတစ်ယောက်ဆီမှာတောင် အဲဒီ Final product ကြီးမရှိတဲ့အချိန်မှာမှ ဒီလိုကိစ္စဖြစ်သွားတယ်ဆိုတော့ အစ်မတို့လည်း တော်တော်အံ့သြတယ်။ ရတဲ့ဟာကလည်း တကယ့်ကိုအကြည်ဆိုတော့ တော် တော်လေးလည်းပျံ့နှံ့ခဲ့တယ်။ အထူးသဖြင့် အစ်မရုပ်ရှင်မပြရသေးတဲ့ မကွေး မြို့မှာဖြစ်ပွားခဲ့တယ်။ မကွေးမြို့က အစ်မပရိသတ်တွေကလည်း ချက်ချင်း လှမ်းတိုင်တယ်။ အစ်မပရိသတ်တွေကလည်း ချစ်ဖို့သိပ်ကောင်းတယ်။ ပြီး တော့ ပျံ့နှံ့ သွားတဲ့ ဒီဖိုင်တွဲတွေကို အိမ်တွေမှာလည်းကြည့်ကြတယ်။ အစ်မတို့ဇာတ်ကား အဲဒီလိုမျိုးဖြစ်သွားတဲ့အတွက်လည်း စိတ်မကောင်းဘူး” လို့ပြောပါတယ်။ ဒီလိုမျိုးပျံ့နှံ့ခဲ့တဲ့ အပေါ်မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးအနေနဲ့လည်း ဖြေရှင်းပေးဖို့တာဝန်ရှိကြောင်း ခရစ္စတီးနားခီက…

”အစ်မကို အဲဒီဇာတ်ကားပျံ့နေတယ်လို့ သတင်းပေးလိုက်က တည်းက ညတွင်းချင်းစုံစမ်းတယ်။ အစ်မအနေနဲ့ ဒီဟာကတော့ မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးကလည်း စစ်ဆေးမှုပြုလုပ်ရမယ်လို့ထင်တယ်။ ဘာကြောင့် ဒီလိုပြောတာလဲဆိုတော့ အစ်မဒါရိုက်တာတစ်ယောက် အနေနဲ့ရော အစ်မအမျိုးသားမင်းသားတစ်ယောက်အနေနဲ့တော့ တစ် နိုင်ငံလုံးကြည့်ရလေ ပိုကြိုက်လေပဲပေါ့။ ဒါပေမဲ့ အစ်မတို့ အဲဒီလိုမျိုးတွေ ကိုမလုပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစ်မတို့နဲ့ရိုက်ကူးတဲ့ ရုပ်ရှင်အဖွဲ့သား တွေအတွက်ပေါ့။ သူတို့တွေကို ဘောနပ်စ်တွေပေးချင်တယ်။ အကုန်လုံး ကို အစ်မတို့ ကြည့်တယ်။ အဲဒီအတွက်ကြောင့် ဒီလိုမျိုး ဗီဒီယိုဖိုင်ပျံ့နှံ့ခဲ့တာ အစ်မတို့နှစ်ယောက်ပဲ နစ်နာတာမဟုတ်ဘူး။ အစ်မတို့အဖွဲ့သားတွေ အကုန်လုံးနစ်နာတယ်။ အဲဒီအတွက် ဒီကိစ္စကို မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးအနေနဲ့လည်း ဖြေရှင်းပေးဖို့ သူတို့မှာတာဝန်ရှိတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတင်မဟုတ်ဘူး။ ဒီကိစ္စက ခိုးမှုနဲ့ပတ်သက်နေလို့ အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုလည်း စစ်ဆေးပေးစေချင်တယ်”လို့ ပြော ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here