ရန်ကုန်တိုင်းဒေသကြီး၊ သဘင်အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ လစ်လပ်နေရာများ ပြန်လည်ရွေးချယ်

0
131

မြန်မာနိုင်ငံ သဘင်အစည်း အရုံး(ဗဟို)မှ ဦးဆောင်ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ သဘင် အစည်းအရုံးအလုပ်အမှုဆောင်များ (လစ်လပ်နေရာ)များအတွက် ပြန် လည်ရွေးချယ် တင်မြှောက်ပွဲကို ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်မြို့၊ Esperado Lake ViewHotel မှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခြင်း၊ ရွေးချယ်တင်မြှောက် ရေးဆပ်ကော်မတီမှ မြန်မာပြည် ကျောက်စိမ်းနဲ့ ဦးနေဝင်းတို့မှ ရွေး ချယ်ပွဲ စည်းမျဉ်းစည်းကမ်းများအား ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာ တော့ ရန်ကုန်တိုင်းဒေသကြီး၊ သဘင် အစည်းအရုံး တိုင်းအလုပ်အမှု ဆောင်ကော်မတီ လစ်လပ်နေရာများ အတွက် ဆန္ဒမဲပေးနိုင်ခွင့်ရှိတဲ့ ရန်ကုန်တိုင်းအတွင်းရှိမြို့နယ် သဘင် EC များမှ ပွင့်လင်းမြင်သာ လွတ်လပ်စွာဖြင့် ဆန္ဒမဲများ ပေးအပ်ခဲ့ ကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သဘင်အစည်းအရုံးအလုပ်အမှုဆောင် အဖွဲ့မှာတော့ ဥက္ကဋ္ဌ ဦးစိန်ကြည်မိုး၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးမလှိုင်သန်းထွန်း၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးတင်ထွဋ်၊ အတွင်းရေးမှူး ဦးကိုကိုနိုင်၊ တွဲဖက်အတွင်း ရေးမှူး (၁) ဦးအောင်ကြည်ဆွေ၊ တွဲဖက်အတွင်းရေးမှုး(၂) ဦးအောင်သော်၊ ဘဏ္ဍာရေးမှူး ဦးခင်မောင်တင့်၊ စာရင်းစစ် ဦးစိန်လှမြိုင်၊ ပြန်ကြားရေးမှူး ဦးအေးဌေး၊ အဖွဲ့ဝင် (၁)ရွှေမန်းဦးကံ၊ အဖွဲ့ဝင်(၂) ဦးသက်ထွန်း ၊အဖွဲ့ဝင် (၃) ဦးစိန်တင့်ဗိုလ်၊ အဖွဲ့ဝင် (၄)ဦး မျိုးသန့်တို့က ပါဝင်ဆောင်ရွက်ကြ မှာဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here