မင်းသား Lee Byung Hun ရဲ့အနုပညာကြေး

0
186

tvN ရဲ့ဇာတ်လမ်းတွဲ အသစ်ဖြစ်တဲ့ “Mr.Sunshine”တွင် မင်းသား Lee Byung Hun ရရှိသော အနုပညာကြေးကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဇူလိုင်လ ၃ ရက်နေ့က Munhwa Libo ရဲ့ သတင်းထုတ်ပြန်ချက်အရ မင်းသား Lee Byung Hun က Mr.Sunshine မှာအဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး သူ့ရဲ့ ဇာတ်လမ်းတွဲ အပိုင်းတစ်ပိုင်းရိုက်ကူးရတဲ့ အနုပညာ ကြေးဟာ ကိုရီးယားဝမ် ၁၅၀ မီလီယမ် (134,529USD) ရှိတယ်လို့ သိရပါတယ်။

“Mr.Sunshine- ဇာတ်လမ်း တွဲဟာ အပိုင်း ၂၄ ပိုင်း ပါဝင်မှာဖြစ်ပြီး ဇာတ်လမ်းတွဲ တစ်ခုလုံးပြီးစီးပါက မင်းသားရဲ့ အနုပညာကြေးက ဇာတ်လမ်း တွဲထုတ်လုပ်မှုရဲ့ ၈.၅% ရှိတယ်လို့သတင်းများ ထွက်ရှိခဲ့ပါတယ်။Mr.Sunshine ဇာတ် လမ်းတွဲရဲ့ တာဝန်ရှိသူကတော့ မင်းသားရဲ့ အနုပညာကြေး ဖော်ပြမှုဟာ မမှန်ကန်ပါ ဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

Mr.Sunshine ဇာတ်လမ်းတွဲကို “Descendent of the sun-” ဇာတ်လမ်းတွဲရေးသားခဲ့တဲ့ kim Eun Sook က ရေးသားထားပြီး မင်းသား Lee Byung Hun နဲ့ Kim Tae Ri တို့ပါဝင်ရိုက်ကူးထား ပါတယ်။ ပထမဆုံးအပိုင်းကိုတော့ ဇူလိုင် ၇ ရက်နေ့မှာ tvNကနေ စတင် ပြသနေပြီဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here