ဖခင်ဖြစ်သူရဲ့ လမ်းပြမှုနဲ့ သီချင်းတွေ ဆက်တိုက်သီဆိုဖြစ်နေတဲ့ ဖူးဖူးသစ်

0
151

အနုပညာမျိုးရိုးရှိသူလေး ဖူးဖူး သစ်။ ဖခင်ဖြစ်သူ ဖိုးကာက ရှေ့က နေ သမီးကို လမ်းပြပေးတယ်။ သမီး ဖြစ်သူက အကောင်းမွန်ဆုံး လျှောက် လှမ်းတယ်။ ဖိုးကာနဲ့ ဖူးဖူးသစ်တို့ သားအဖ ၂ ယောက်ကို အခုတလော ပွဲတွေမှာ အတူတူမြင်တွေ့နေရပါ တယ်။ စကားတစ်ခွန်းရှိတယ်လေ။ အဖေတွေက သမီးတွေကို ပိုချစ်တတ် ကြတယ်တဲ့။ ဒီစကားသာမှန်ရင် သားအဖ ၂ ယောက်ရဲ့ မေတ္တာတရား က တော်တော်လေး နက်ရှိုင်းမယ်ထင် ပါတယ်။ ဖူးဖူးသစ်ကတော့ သူ့ အဖေနဲ့ အတူတူရှိုးပွဲတွေသွားတယ် ဆိုပေမယ့် စင်ပေါ်မှာ အတူတူ ဖျော် ဖြေတာရှားပါတယ်တဲ့။ မှတ်မှတ်ရရ ဆိုရင် ပြီးခဲ့တဲ့ မြန်မာအမျိုးသမီး များနေ့ ဂုဏ်ပြုပွဲမှာ သားအဖ ၂ ယောက်ရဲ့ ပုံရိပ်တွေကို ရှားရှားပါး ပါးတွေ့မြင်ရခြင်းပါပဲ။

”ဖေဖေနဲ့အတူတူ သင်္ကြန်ဆို ရင်လည်း သင်္ကြန်အလျောက် သီဆို ဖြစ်တယ်။ ပြီးတော့ တခြားရှိုးပွဲလေး တွေလည်း သီဆိုဖြစ်တယ်။ ပြီးတော့ ထူးခြားတာက ဖေဖေနဲ့အတူတူ ဖျော်ဖြေပွဲတွေမှာ သွားရောက် ပါဝင်သီဆိုတယ် ဆိုပေမယ့် ဖေဖေနဲ့ စင်ပေါ်အတူတူတက် ပြီးတော့ သီဆိုတာရှားပါ တယ်။ ဖေဖေကလည်း ဖူးကို ပရိသတ်နဲ့ မိတ်ဆက်ပေးတာ မျိုးတော့မရှိပါဘူး။ တစ် ယောက်တည်း Solo ဆိုဖြစ် အောင် လေ့ကျင့်ပေးထားပါ တယ်။ ဖူးက အသစ်ဖြစ်တဲ့ အခါကျတော့ ကိုယ့်သီချင်းကို လည်း နှစ်ပုဒ်လောက်၊ ပြီး တော့ အရင်က နာမည်ကြီးခဲ့ တဲ့သီချင်းမျိုးကို Cover Song အနေနဲ့ တစ်ပုဒ် လောက် သီဆိုဖြစ်ပါတယ်”လို့ ဖူးဖူးသစ်က ပြောပါတယ်။

ဖူးဖူးသစ်ကတော့ Audio CD အနေနဲ့ထွက်ရှိထားတဲ့ သူ့ရဲ့ Logo အခွေကို Music Video ထွက်ရှိဖို့ သိပ်စိတ်အားမသန်လှပါဘူး။ နောက်ထပ်သီချင်းအသစ်တွေပဲ ထွက်လာဖို့ရှိတဲ့သဘောပါ။

”Logo အခွေ ကတော့ MTV အနေနဲ့ထွက်ဖို့ မရှိပါဘူး။ ဖျော်ဖြေပွဲလေးတွေဆိုလို့ရှိရင် ‘စုန်းမ’ နဲ့ ‘စိတ်လွှင့်ရွက်လှေ’ ဆိုတဲ့ သီချင်းလေးကို အများဆုံးဆိုဖြစ်တာပေါ့။ အဲဒီမှာ ‘စုန်းမ’ ဆိုတဲ့သီချင်းလေးကို ပရိသတ် တွေပိုပြီးသဘောကျကြတာ တွေ့ရတယ်။ ပြီးတော့ အဲဒီသီချင်းလေးက နားထဲစွဲတဲ့ သီချင်းလေးလည်း ဖြစ်တယ်။ အဲဒီသီချင်းကိုပဲ ဗီစီဒီလေးရိုက်ကူးပြီးတော့ အွန်လိုင်းပေါ်တင်ဖို့ရှိပါတယ်”လို့ ဖူးဖူးသစ်က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here