သရုပ်ဆောင်တွေကို သရုပ်ဆောင်တွေလို့ပဲမြင်ပြီး ချစ်စိတ်နဲ့ကြည့်ပေးစေချင်ကြောင်းအကယ်ဒမီ ခင်ဇာခြည်ကျော် ပြော

0
169

ဒါရိုက်တာ ရွှေရေးထင်ထင် ရိုက်ကူးပြီး ဇေရဲထက်၊ ရဲအောင်၊ အောင်လေး၊ ဇင်ဇင်ဇော်မြင့်၊ ခင်ဇာခြည်ကျော်၊ Aခွန်းပန်တို့ ပါဝင်သရုပ် ဆောင်ထားကြတဲ့ ‘ရာဇဝင်ရိုင်းခဲ့ သည်’ဇာတ်ကားမှာ ခင်ဇာခြည်ကျော် သရုပ်ဆောင်ခဲ့တဲ့ ‘လှအုံးမယ်’ဆိုတဲ့ ကာရိုက်တာက စိန်ခေါ်မှုတွေများ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖောက် ပြန်တဲ့ မိန်းမတစ်ယောက်ရဲ့ ကာရိုက်တာဖြစ်နေတာကိုး။ မြန်မာနိုင်ငံမှာက သိတဲ့အတိုင်း ကာရိုက်တာသိပ်ပီပြင် လွန်းရင်အပြင်မှာလည်း တကယ်ထင်သွားတတ်တယ်လေ။

”ပရိသတ်တွေရဲ့စိတ်ကို ကျွန်မလည်း မမှန်းတတ်ဘူး။ ဘာဖြစ်လို့လဲဆို တော့ပရိသတ်ဆိုတာမျိုးက တစ်ခါတစ်ခါမှာလည်း ဒီလိုကားမျိုးကိုဆဲမယ်ဆို ပြီး ကြိုတင်ပြင်ဆင်ထားတဲ့သူတွေလည်းရှိတယ်။ သရုပ်ဆောင်တွေကို သရုပ် ဆောင်တွေလို့ပဲမြင်ပြီးတော့ ချစ်သောစိတ်တွေနဲ့ပဲကြည့်ပေးကြပါလို့ ပြောချင် ပါတယ်။ လူအမျိုးမျိုး၊ စိတ်အထွေထွေဖြစ်တဲ့အတွက် တချို့ကျတော့လည်း ဒီလိုကာရိုက်တာတွေ၊ ဒီလိုပုံစံတွေကိုမကြိုက်တဲ့သူတွေလည်း အများကြီးပဲရှိ တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာလူမျိုးတွေဖြစ်နေတာကိုး။ ဒါပေမဲ့ ခေတ်မီလာတဲ့ ဒီလိုခေတ်ကြီးထဲမှာ ဒီလိုဇာတ်ဆန်းလေးတွေဟာ ပရိသတ် တွေအတွက်လည်း အသစ်အဆန်းတစ်ခုဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့် မို့လို့ အားပေးကြပါ” လို့ ခင်ဇာခြည်ကျော်ကတော့ သူ့ရဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုပါတယ်။ ဒီဇာတ်လမ်းက မဇာလေး(ခင်ဇာခြည် ကျော်)အတွက် အကယ်ဒမီမှန်းနိုင်တဲ့ ဇာတ်လမ်းလားလို့ဆိုတော့…

”သူများတွေပြောတာက မှန်းရင်တော့ ရနိုင်ပါတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဇာတ်ပို့ကိုး” လို့ သူက ပြောပါတယ်။ ဇေရဲထက်နဲ့ ၂ ယောက် ပူးပူးကပ်ကပ်နဲ့ ရိုက်ရတဲ့အခန်းတုန်းကဆို ဓာတ်ပုံတွေတောင် အွန်လိုင်းပေါ်တက်လာ လို့ ဝေဖန်ခံရသေးတယ်။ အဲဒီအခန်း အကြောင်းလေးပြောပါဦးလို့ဆိုတော့ …

”ရိုက်ကွင်းမှာ ရိုက်တဲ့အချိန် တုန်းက ဇေရဲထက်နဲ့ အစ်မနဲ့ဆို ရယ်ကြတာပေါ့နော်။ ရှက်လို့လေ။ အမှန်ကတော့ အစ်မရှက်တာပါ။ ရယ်ပြီးတော့ တစ်ခါ၊ နှစ်ခါဖြစ်လာ တော့ မကောင်းဘူးပေါ့နော်။ ကိုယ်တွေလည်း ဒါဟာအလုပ်လုပ်နေတာပဲ၊ အလုပ်သဘောအရ ပဲဆိုပြီး စိတ်ကိုပြန်သွင်းလိုက်တဲ့အခါမှာတော့ အားလုံးအဆင်ပြေ သွားပါတယ်” လို့ ခင်ဇာခြည်ကျော်က ပြောပါတယ်။

”ရာဇဝင်ရိုင်းခဲ့သည်” ဇာတ်ကားမှာ ဇာတ်လမ်း၊ ဇာတ်ညွှန်း ကို ကိုယ်တိုင်ရေးသားခဲ့တဲ့အပြင် ဒါရိုက်တာအဖြစ်ပါ တာဝန် ယူရိုက်ကူးခဲ့တဲ့ စာရေးဆရာမရွှေရေးထင်ထင် အပေါ်ကို ဝါရင့် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်သလဲလို့ ဆိုတော့…

”ဆရာမရွှေရေးထင်ထင်က ဇာတ်ညွှန်းလည်း အစကတည်း က နိုင်ပြီးသားလေနော်။ သရုပ်ဆောင်တွေကိုလည်း သေသေချာချာ သင်ပြနိုင်တဲ့အတွက် ဒီကားလေးအောင်မြင်သွားရင် သူဒါရိုက်တာ ရွှေရေးထင်ထင်ဖြစ်သွားပါပြီရှင့်။ အဲဒီအတွက် သူ့ကိုတော်တယ်လို့ပဲ ပြောချင်ပါတယ်” လို့ ခင်ဇာခြည်ကျော်က မှတ် ချက်ပြုပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here