အေဂျင်စီအသစ်နဲ့ လက်တွဲလိုက်တဲ့ Han Ye Seul

0
59

မင်းသမီး Han Ye Seul ဟာ သူ့ရဲ့ အေဂျင်စီဟောင်းနဲ့ လက်တွဲဖြုတ်ခဲ့ပြီး အခုအေဂျင်စီ အသစ် Partners Park နဲ့ လက်တွဲခဲ့ပါတယ်။ ဇူလိုင် ၃ ရက်နေ့က အေဂျင်စီ Partners Park နဲ့ စာချုပ် ချုပ်ဆို လက်မှတ်ထိုးခဲ့ပြီး အေဂျင်စီဘက်မှ အခုလို ဝမ်းသာစကားပြောခဲ့ပါတယ်။

“မင်းသမီးနဲ့ အခုလို စာချုပ်ချုပ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ မင်းသမီးကို ကုမ္ပဏီဘက်မှ အစွမ်းကုန် ပံ့ပိုးသွားမှာပါ။ မင်းသမီးရဲ့ ဒဏ်ရာကလည်း သက်သာနေပြီး အမာရွတ်ပျောက်အောင် ကုသမှုခံယူနေပါတယ်။ မင်းသမီးက ဒီနှစ်အတွင်း ဇာတ်ကားတွေပြန်လည်ရိုက်ကူးမှာပါ”လို့ အေဂျင်စီဘက်မှတာဝန် ရှိသူကပြောကြား ခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here