သက်ကြီး အနုပညာ ဘိုးဘွားများခိုလှုံရာ အနုပညာ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ

0
144

ခိုကိုးရာမဲ့ဖြစ်နေတဲ့ အနုပညာ သမားတွေအတွက် အေးချမ်းတိတ် ဆိတ်လှတဲ့ နားခိုရာနေရာလေးတစ် နေရာရှိပါတယ်။ အဲဒီနေရာလေးက တော့ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် မှာရှိတဲ့ အနုပညာဆည်းဆာရိပ် ဘိုး ဘွားရိပ်သာပဲဖြစ်ပါတယ်။ ဒီဘိုးဘွား ရိပ်သာကိုတော့ ဒေါက်တာအရှင် ခေမာသီရိ(လှတော)ဆရာတော်က ဦးဆောင်ကာ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေအနုပညာရှင်များက တည် ဆောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ အခု အချိန်မှာလည်း ဘိုးဘွားဆောင်တွေ တော်တော်များများ ဆောက်လုပ်ပြီး စီးနေပြီဖြစ်ပေမယ့်လည်း ထပ်မံ ဆောက်လုပ်လျက်ရှိနေပါသေးတယ်။ လှတောဆရာတော်အနေနဲ့လည်း ဘိုးဘွားရိပ်သာမှာကိုယ်တိုင်ကြီး ကြပ်ကာ အဆောက်အအုံပုံစံကအစ ဆရာတော်ကိုယ်တိုင်အသေးစိတ် လုပ်ဆောင်နေတာဖြစ်ပါတယ်။ အနု ပညာဆည်းဆာရိပ် ဘိုးဘွားရိပ်မှာ တော့ ရွှေမန်းဆီသို့ အဆိုရှင် အဆို တော်ကြီးဒေါ်စိမ်းစိမ်း၊ စာရေး ဆရာဒါရိုက်တာမောင်စိတ္တ၊ မင်း သားကြီးဦးတင်ထွန်း၊ မြို့မအသင်း အဆိုတော်ကြီး ဒေါ်ကြွယ်ကြွယ်တို့ လာရောက်နေထိုင်လျက် ရှိနေပါ သည်။

”ဒီအဘိုးနှစ်ယောက်အဘွား နှစ်ယောက်ကိုလည်း ဘုန်းဘုန်းက ကိုယ့်မိဘတွေလိုမျိုး စောင့်ရှောက် ပါတယ်။ အနုပညာနဲ့ပတ်သက်လို့ လည်း လုပ်ချင်တာလုပ်လို့ရအောင်စီစဉ်ထားတယ်။ အနုပညာသမားဆို တာက ဂီတသံတစ်ချက်ကြား ရင်ကို အားရှိသွားတာပေါ့နော်။ ဒါကြောင့် မို့ ဘုန်းဘုန်းတို့အနေနဲ့ ကြိုက်တဲ့ အနုပညာလုပ်ခွင့်ပေးထားပါတယ်။ အနုပညာနဲ့ပတ်သက်လို့ စိတ်ရဲ့ထွက် ပေါက်ကို ကြိုက်သလို ရှာလို့ရတယ်။ အနုပညာသမားမှန်ရင် ဘယ်သူပဲ လာလာ စောင့်ရှောက်ပေးတယ်။ အစားအစာတောင်မှ ဒါကို မကြိုက် ဘူးဆိုရင် ကြိုက်တဲ့အစားအစာကို စီမံပေးထားတယ်။ အဘိုးအဘွား တွေကို ပျှော်ရွှင်အောင်ထားတယ်။ အဆင့်အတန်းကိုလည်း ဘုန်းဘုန်း တို့မခွဲပါဘူး။ သူက ရုပ်ရှင်နယ်ပယ် ကလာလို့ ဆိုပြီးလည်း ဟင်းတစ်ခွက် ပိုမကျွေးဘူး။ သူကသဘင်နယ်ပယ် ကလာလို့၊ သူကဂီတကလာလို့ ဆိုပြီး လည်း ဘုန်းဘုန်းတို့ဟင်းတစ်ခွက် လျှော့မကျွေးဘူး။ တစ်ပြေးညီပါပဲ” လို့ အဘိုးအဘွားတွေကို စောင့် ရှောက်ပေးမှုအပိုင်းတွေနဲ့ ပတ်သက် လို့ လှတော ဆရာတော်ကမိန့်ပါတယ်။ အဘိုးအဘွားတွေကိုတော့ သူနာပြု တွေနဲ့ပြုစု စောင့်ရှောက်ပေးနေပြီး တစ်နေ့ကို ၄ကြိမ် ထမင်းစားချိန်နဲ့ Tea time ချိန်တွေဆိုပြီး ရှိကြောင်း သိရပါတယ်။

မြန်မာပြည်တစ်ပြည်လုံးက အသက် ၇၅ နှစ်အထက် သက်ကြီး အနုပညာရှင်တွေ လာရောက်နေထိုင် လို့ရပေမယ့် သက်ဆိုင်ရာ အနုပညာ အဖွဲ့အစည်းရဲ့ ထောက်ခံချက်တော့ ပါရှိရမှာဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here