အသစ်ရိုက်ကူးမယ့် ရုပ်ရှင်အတွက် ဇာတ်ညွှန်း ပြင်ဆင်နေတဲ့ ဒါရိုက်တာ အောင်မြတ်

0
258

Romantic ဆန်ဆန်ပြကွက်တွေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးတတ်တဲ့ ဒါရိုက် တာ။ ပြီးတော့ ဒါရိုက်တာသာလုပ်နေတာ၊ သူ့ ရုပ်၊ သူ့ရည်နဲ့ဆိုရင် မင်းသားလုပ်လို့ တောင်ရတဲ့ ဒါရိုက်တာ။ သူကတော့ အောင်မြတ်။ ‘အနမ်း ဝိုင်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပြီးတဲ့နောက် သူ နည်းနည်းငြိမ်နေတယ်။ သူတို့လူငယ်တွေ ကတော့ ငြိမ်နေတယ်ဆိုတာ ပညာတွေထပ်ဖြည့် နေတဲ့ အနေအထားပါ။

”အခုMusic Video တွေကတော့ ရိုက်ကူး တာ ခဏနားထားတယ်။ ပြီးတော့ V Commercial တွေကို ရိုက်ကူးဖြစ်နေတယ်။ တစ်ချိန်တည်းမှာပဲ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအတွက်ကို ကျွန်တော် ဇာတ်ညွှန်းလေးတွေပြင်ဆင် နေပါတယ်” လို့ အောင်မြတ်က ပြောပါတယ်။ နောက်ပြီး သူ ဆက်လက်ပြောတာက…..

”ကျွန်တော်လုပ်ချင်တာတွေက အလွန်များနေတယ်။ ဇာတ် ညွှန်းတွေကိုပဲ ကိုယ့်ဘာသာကိုယ် Organized လုပ်နေတယ်။ အဲဒီထဲကမှ အသင့်တော်ဆုံးတစ်ပုဒ်ကို ကျွန်တော်စပြီး ရိုက်ကူးဖို့ စီစဉ်မှာပါ ခင်ဗျ” လို့ သိရပါတယ်။ နောက်ထပ်လာမယ့် အောင် မြတ်ရဲ့ ဇာတ်ကားသစ်အတွက် သရုပ်ဆောင်တွေကိုကော ရွေးချယ် ပြီးပြီလားလို့ဆိုတော့….

”Actor ကိုတော့ ကျွန်တော် ဒုတိယနေရာကနေ စဉ်းစား ပါတယ်။ ပထမဦးဆုံးကတော့ ဇာတ်လမ်းပေါ့နော်။ ကိုယ်ဘယ် ဇာတ်လမ်းကိုရိုက်ကူးမှာလဲ။ အဲဒီရိုက်ကူးတဲ့ဇာတ်လမ်းထဲမှာ ပါဝင် မယ့်ကာရိုက်တာက ဘယ်သူနဲ့ပိုပြီးတော့ သင့်တော်မလဲ။ ‘အနမ်းဝိုင်’ဆိုတဲ့ဇာတ်လမ်းမှာဆို ရှိရင်လည်း ကာရိုက်တာအနေနဲ့က လိုက်ဖက်မယ်လို့ထင်တဲ့ ဗခအသမ ၂ယောက်ကို ပြီးမှ ရွေးချယ်လိုက် တာပါ။ အဲဒါကတော့ အသစ်ပဲဖြစ် ဖြစ်၊ အောင်မြင်ပြီးသား Actor ပဲ ဖြစ်ဖြစ် အဲဒီလိုမျိုးသတ်မှတ်ထားတာမျိုးမရှိပါဘူး။ အဲဒီတော့ အခု ထပ်ပြီး ရိုက်ကူးမယ့်ဇာတ်ကားတွေကိုလည်း ကာရိုက်တာနဲ့ လိုက်ဖက်မယ့်သူကိုပဲ အဓိကထားရွေးချယ်ပြီး ရိုက်ကူးသွားမှာပါ” လို့ အောင်မြတ်က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here