လမ်းခွဲလိုက်တဲ့ Lee Dong Wook နဲ့ Suzy

0
177

မင်းသား Lee Dong Wook နဲ့ မင်းသမီး Suzy တို့ဟာ ချစ်သူအဖြစ် ကနေ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပြီး အဆိုပါသတင်းကို သူတို့ရဲ့ အေဂျင်စီများကလည်း အတည်ပြုပေးခဲ့ပါတယ်။ သူတို့တွဲနေတယ်ဆိုတဲ့ သတင်းက မတ်လ ၉ ရက်နေ့ကထွက်တာဖြစ်ပြီး ယခု ဆို ၄ လပဲရှိသေးတယ်။

ဒါပေမဲ့သူတို့ဟာ တွဲနေ ကြောင်း တရားဝင်မကြေညာခဲ့ပါဘူး။ ကော်ဖီ ဆိုင်မှာ ၁ ခါ ၂ ခါလောက်ပဲ တွေ့ခဲ့ကြတာပါ။ သူတို့ ၂ ဦးစလုံးဟာ တစ်ယောက်ကို တစ်ယောက်စိတ်ဝင်စားပေမယ့် အနုပညာ ရှင်အများစုရဲ့ ပြဿနာ “Busy Schedule” ကြောင့် အခုလိုလမ်းခွဲခဲ့တာပါ။ မင်းသားက JTBC ရဲ့ ဇာတ်လမ်း တွဲအသစ် Life မှာပါဝင်ထား ပြီး ဇူလိုင်လ ၂၃ရက်နေ့ မှာ စတင်ပြသတော့မယ် လို့သိရပါတယ်။ Suzy ကတော့ Vagaband မှာ ပါဝင်ရိုက်ကူးဖို့ အတည် ပြုထားတယ်လို့ သိရ ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here