ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ရဲ့ ပဉ္စမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

0
213

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားရိုက်ကူး ထုတ် လုပ်ရေး လုပ်ငန်းကော်မတီ ရဲ့ ပဉ္စမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်နေ့က ရန်ကုန်မြို့အမျိုးသား ဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဗိုလ် ချုပ်ရုပ်ရှင်အတွက် အထောက် အကူဖြစ်လာစေမယ့် သမိုင်းအ ထောက်အထား အချက်အလက်များ စိစစ်ဖြည့်စွက်ခြင်းအကြောင်း၊ ဇာတ် ကားရိုက်ကူးရာတွင် အသုံးဝင်လာ မယ့် ဗိုလ်ချုပ်အောင်ဆန်း ခေတ်ကာ လတုန်းက သုံးစွဲခဲ့တဲ့လက်နက်၊ ဝတ် စုံ အစရှိတဲ့ပစ္စည်းများရရှိနိုင်တဲ့ အ ကြောင်း၊ ဇာတ်ညွှန်းပြီးစီးမှုအခြေ အနေအကြောင်းနဲ့ လက်ရှိရရှိထား ပြီဖြစ်တဲ့ ဘဏ္ဍာရေးအခြေအနေ တွေ အကြောင်းကို အစည်းအဝေးမှာ တင်ပြဆွေးနွေးသွားခဲ့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ညွှန်းပြီး စီးမှု အခြေအနေကအတော်ပင်ခရီး ရောက်ခဲ့ပြီဖြစ်ပြီး ဇူလိုင်လကုန်မှာ တော့ အပြီးသတ်နိုင်ဖွယ်ရှိပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက တော့ . . .

”အစည်းအဝေးမှာ ပြောခဲ့သ လိုပါပဲ။ ဇာတ်ညွှန်းပိုင်း ဘယ် လောက်ပြီးလဲဆိုတာထက် Time Frame ကို အစ်ကိုချပေးထားတယ်။ ဒီနှစ်နှစ်အတွင်းမှာ ဗိုလ်ချုပ်ရုပ်ရှင် ကို ပြီးအောင်ရိုက်ကူးမယ်။ ဇာတ် ညွှန်းရေးသားခြင်းကို ၆ လ ဒါမှ မဟုတ် ၇ လအချိန်ယူမယ်ဆိုပြီး တော့ အစ်ကိုက Time Frame ချ ထားတာပေါ့နော်။ အားလုံးသိတဲ့ အတိုင်းပဲ ၆ လ ၇လ အချိန်ယူရတဲ့ အတွက် ဇန်နဝါရီလကနေ စတင်ခဲ့ ပါတယ်။ ဇူလိုင်လမှာ ဇာတ်ညွှန်း ပြီးပါလိမ့်မယ်”လို့ ပြောပြသွားခဲ့ပါ တယ်။

အစည်းအဝးပွဲကို တက်ရောက် လာခဲ့တဲ့ အကယ်ဒမီလူမင်းက လည်း . . .

”အစ်ကိုတို့ရဲ့ ငါးကြိမ်မြောက် အစည်းအဝေးမှာလည်း မူလရည် မှန်းချက်အတိုင်းပဲ ၂ဝ၁၈ ခုနှစ် အကုန်မှာ ရိုက်ကူးနိုင်ရေးအတွက် ပြင်ဆင်ရေးလုပ်ပြီး ၂ဝ၁၉ ခုနှစ်ထဲ မှာ ရိုက်ကူးနိုင်အောင်ရည်ရွယ်ထား ပါတယ်။ ၂ဝ၁၉ ခုနှစ် အတွင်းထဲမှာ အပြီးသတ်ရိုက်ကူးပြီး ၂ဝ၂ဝ ခုနှစ် မှာ ရုံတင်နိုင်တဲ့အထိ အနေအထား ရောက်ရှိအောင် ဆောင်ရွက်နေတာ ပါ။ ဒီနေ့ ငါးကြိမ်မြောက် အစည်း အဝေးမှာ သက်ဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီအသီးသီးရဲ့ ပြင်ဆင် ထားမှုတွေ အကုန်လုံးက ကျေနပ် အားရစရာကောင်းခဲ့ပါတယ်”လို့ ပြောပြပေးခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဇာတ် ကောင်အဖြစ် ပါဝင်သရုပ်ဆောင် သွားမယ့်ကျော်ကျော်မျိုးက လက်ရှိ မှာ မြင်းစီးလေ့ကျင့်နေတဲ့အပြင် ဇာတ်ကားအတွက် လိုအပ်လာ မယ့် အင်္ဂလိပ်၊ ဂျပန်စကားပြော တွေအတွက် သင်တန်းတွေကို တက် ရောက်သင်ကြားလျက်ရှိနေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ် ရှင်ဇာတ်ကားရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီရဲ့ ပဉ္စမအကြိမ် မြောက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးမှာလည်း ကျော်ကျော်မျိုး တက်ရောက်ခဲ့ပြီး သူ့ရဲ့အင်္ဂလိပ် စကားပြောစွမ်းရည်နဲ့ ဂျပန်စကား ပြောစွမ်းရည်တွေကို သက်ဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီအသီးသီးရဲ့ ရှေ့မှောက်မှာ ထုတ်ဖော်ပြောဆို ပြသခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါ တယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here