နှစ်ဆယ့်တစ်နှစ်ပြည့်မွေးနေ့မှသည်….

0
207

နှစ် – ပေါင်းများစွာကို ကျော်ဖြတ်
ရတုအဆက်ဆက် တိုင်ပါစေ ပေါ် ပြူလာ။

ဆယ့် – နှစ်လရာသီပတ်လုံး မြန်မာပြည်သူတွေ
အချစ်ဆုံးဖြစ် အပြုံးနဲ့ ထွေးပွေ့ခွင့်ရပါစေ ပေါ်ပြူလာ။

တစ် – တိုင်းပြည်လုံးရဲ့အသည်းနှလုံး ဖြစ်ရုံမကလို့
ကမ္ဘာအထိတိုင် ထွန်းပေါက်နိုင်ပါစေ ပေါ်ပြူလာ။

နှစ် – တစ်နှစ်ကူးပြောင်းတိုင်း ကူးပြောင်းတိုင်း
သတင်း၊ သုတ၊ ရသ စာကဗျာနဲ့
အနုပညာအသိုင်းအဝိုင်းတွေရဲ့ ကြားမှာ
ပေါ်ပြူလာမှ ပေါ်ပြူလာလို့
ရေပန်းစားထင်ပေါ်ပါစေ ပေါ်ပြူလာ။

ပြည့် – စုံခြင်းဆိုတဲ့မင်္ဂလာသတင်းကို
စောင်ရေတွေ တိုးသထက်တိုးရင်း
ဖော်ဆောင်ခွင့်ရနိုင်ပါစေ ပေါ်ပြူလာ။

မွေး – ဖွားခဲ့တဲ့ခုနှစ် ၁၉၉၇ ဇွန်လ ၃၀ ရက်၊
အခက်အခဲများစွာ ကျော်ဖြတ်ခဲ့ရ၊
၂၀၁၈ ရဲ့ ရက်မြတ်မှာတော့ ၂၁ နှစ်ပြည့်ခဲ့ပြီမို့
ဇွဲ၊ လုံ့လ အားမာန်တွေအတွက်
ဂုဏ်ပြုလိုက်ပါရစေ ပေါ်ပြူလာ။

နေ့ – ရက် နာရီ အချိန်တိုင်းမှာ
လူတိုင်းရင်ကို ကိုင်လှုပ်နိုင်စွမ်းရှိတဲ့
အောင်မြင်မှုပန်းတိုင်ကို
လျှောက်လှမ်းနိုင်ပါစေ ပေါ်ပြူလာ။

မှ – တစ်ပါးအခြားမရှိလို့
တင်စားနိုင်လောက်အောင်အထိ
ပေါ်ပြူလာမှတစ်ပါး အခြားမရှိဆိုပြီး
ပရိသတ်ရင်ကို စွဲငြိပါစေ ပေါ်ပြူလာ။

သည် – နေ့သည်ရက် သည်မနက်မှစပြီး
နောင်နှစ်ပေါင်းများစွာတိုင်အထိ
အောင်မြင်စွာချီတက် ပျော်ရွှင်မှုတွေပွေ့ဖက်လို့
ရတုအဆက်ဆက် တည်ပါစေ ဆုတောင်းရင်း
ဟက်ပီးဘတ်ဒေးပါ ပေါ်ပြူလာ။

မိုးယံဝင့်ထည်


LEAVE A REPLY

Please enter your comment!
Please enter your name here