မိုးရာသီ အထူးဖျော်ဖြေပွဲရဲ့ အဖွင့်ကို ရွှေတံခါးကြီးနဲ့ ဖွင့်မယ့် တင်မောင်ဆန်းမင်းဝင်း

0
357

တင်မောင်ဆန်းမင်းဝင်းတို့ ရွှေမန်း သဘင်ဇာတ်အဖွဲ့ရဲ့ မိုးရာသီအထူး ဖျော်ဖြေပွဲကတော့ ဇူလိုင်လ ၂၁ ရက်နေ့က စတင်ပြီး မျှော်စင်ကျွန်း မှာ ကပြတော့မှာဖြစ်ပါတယ်။ တင် မောင်ဆန်းမင်းဝင်းက မိုးရာသီ ဖျော် ဖြေပွဲအတွက် ဇာတ်တိုက်နေခဲ့တာ ၁ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ သူ ဟာ တင်ဆက်မှုတွေကို အကောင်း ဆုံးဖြစ်စေဖို့အတွက် စိတ်အားရော လူအားရော ကြိုးစားနေခဲ့တာပဲဖြစ် ပါတယ်။ တင်မောင်ဆန်း မင်းဝင်းက မိုးရာသီဖျော်ဖြေပွဲကို ဇာတ်ရဲ့ မုခ်ဦး အဖွင့်ကစပြီးတော့ သေချာစီစဉ်လေ့ ရှိပါတယ်။ ဒီနှစ်မှာတော့ အဖွင့်ကို ရွှေတံခါးကြီးနဲ့ ဖွင့်မှာဖြစ်ပါတယ်။

”တံခါးကြီးကတော့ ပရိသတ် အတွက် အမှတ်တရလေးပါ။ အား လုံးက မေးကြတယ်။ ဒီနှစ်က ဘာ ထူးထူးဆန်းဆန်းပါလာမလဲပေါ့။ အခုရွှေတံခါးကြီးက ထူးခြားမှုတစ်ခု ပါပဲ။ အဲဒါက ရွှေပခုံးကို ကြည့်ပြီး စိတ်ကူးရသွားတာပါ။ ရွှေတံခါးကို ပန်းခက်ပန်းနုတ်တွေနဲ့ တံခါးစောင့် နဲ့ စီစဉ်ထားတယ်”လို့ ရွှေတံခါးကြီး နဲ့ပတ်သက်လို့ တင်မောင်ဆန်းမင်း ဝင်းက ပြောပြပါတယ်။ မျှော်စင် ကျွန်းမှာ ကပြမယ့်အကြောင်း မီဒီ ယာရှင်းလင်းပွဲကိုတော့ ဇူလိုင်လ ၆ ရက်နေ့လယ် ၁၁ နာရီက ရန်ကုန်မြို့၊ ဥမခ့ငိ ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီမီဒီယာရှင်းလင်းပွဲကိုတော့ တင် မောင်ဆန်းမင်းဝင်းရဲ့ ဖခင်မင်းသား ကြီး ဦးဆန်းဝင်း၊ မင်းသားကြီး ဦး နန်းဝင်း၊ မင်းသားကြီး ဦးမိုးဝင်း၊ ဆက်တင်ပညာရှင် ကိုအောင်ကျော် ထွန်းတို့လည်း တက်ရောက်ခဲ့ကြကာ ဂုဏ်ပြုစကားများ ချီးမြှင့်ပေးခဲ့ ကြပါတယ်။ တင်မောင်ဆန်းမင်းဝင်း နဲ့ မအေးမမလှိုင်တို့ ဇနီးမောင်နှံ အနေနဲ့ အခုနှစ် ၄ နှစ်မြောက် မိုး ရာသီအထူးဖျော်ဖြေပွဲကပြနိုင်ဖို့ အတွက် အခက်အခဲတွေအများကြီး ထဲကနေ ကြိုးစားခဲ့ကြရတာပါ။

ဒီလိုအခက်အခဲတွေကိုလည်း သူတို့ ဇနီးမောင်နှံက သဘင်ကိုချစ် တဲ့စိတ်တွေနဲ့ ကျော်ဖြတ်ခဲ့ကြပါ တယ်။ တကယ်တော့ မိုးရာသီ ဖျော် ဖြေပွဲဆိုတာ ငွေရေးကြေးရေးအတွက် မဟုတ်ဘဲ သဘင်အနုပညာအရ ကို သာ တင်ဆက်ကပြချင်တဲ့စိတ်တွေနဲ့ တင်ဆက်ကြခြင်းပဲဖြစ်ပါတယ်။

”ဒီနှစ်ကတော့ ကျွန်တော့် အနေနဲ့တအားကို အလုပ်လုပ်ထား ပါတယ်။ မကဖြစ်မှာကိုလည်း ကြောက်တယ်လေ။ ဒီပွဲကြီးက လူ အင်အားရော ငွေအင်းအားရော စိုက် ထုတ်ရတဲ့ပွဲပါ။ ပြီးတော့ တင်မောင် ဆန်းမင်းဝင်းရဲ့ ဖျော်ဖြေပွဲမဟုတ်ပါ ဘူး။ နိုင်ငံ့အကျိုးပြုအနေနဲ့ တင် ဆက်တဲ့ပွဲပါ။ နယ်ကလူတွေလာတဲ့ အခါ ရွှေတိဂုံဘုရားဖူးပြီးရင် အန် တာတိန်းမန့်အနေနဲ့ ကြည့်ချင်ရင် ကျွန်တော့်ပွဲရှိတယ်ဆိုတာ ပြချင်တာ ပါ”လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။ ခုံလက်မှတ်ဈေးနှုန်း ကတော့ ၅ဝဝဝ ၊ ၇ဝဝဝ၊ ၁ဝဝဝဝ တို့ ပဲဖြစ်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေ မှာကပြမှာဖြစ်ပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here