ဦးကျော်သူ နဲ့အတူ ပညာပေး ဇာတ်လမ်းတိုမှာ အတူတူ သရုပ်ဆောင်ခဲ့တဲ့ G Fatt

0
85

g-fattလမ်းပေါ်မှာ ပန်းရောင်းနေတဲ့ ကောင်လေး တစ် ယောက် အဖြစ် သရုပ်ဆောင်နေတဲ့ ဇာတ်ရုပ်ကို ဟစ် ဟော့ပ်အဆိုတော် G.Fatt  ရဲ့ လူမှု ကွန်ရက် စာမျက်နှာမှာ တွေ့ လိုက်ရပါတယ်။ သူနဲ့အတူ သရုပ် ဆောင်နေသူ ကလည်း ဝါရင့်သရုပ် ဆောင် မင်းသားကြီး ဦးကျော်သူ ပါ။ ဒါနဲ့  G.Fatt  တို့ရိုက်ကူးနေတဲ့ ဇာတ် ကားလေး အကြောင်း မေးဖြစ်တဲ့အခါ “ပညာပေး ဇာတ်လမ်းလေးလည်း ဖြစ် တယ်။ ဒါရိုက်တာ ကိုဂျိုးတို့၊ Media 7 က ကိုရွှေမန်း တို့လည်း  ကျွန်တော့် ကိုဝိုင်းပြီး အကြံပြုကြတယ်။ ကျွန်တော် ကလည်း ရိုက်ချင်တယ် ဆိုတာ နဲ့ ကျွန်တော်တို့ လုပ်ဖြစ်တာပါ။ ပြီးတော့ ဦးကျော်သူ နဲ့ အတူတူ ရိုက်ရ တဲ့အတွက် ဂုဏ်လည်း ယူတယ်။ ပိုပြီးတော့ တာဝန် လည်း ကြီး တယ်။ အဲဒီ အတွက် ကျွန်တော် အကောင်းဆုံး ကြိုးစားပြီး သရုပ်ဆောင် ထားပါတယ်”လို့ G.Fatt ကပြောပါတယ်။

G.Fatt  တစ်ယောက်လည်း စိုင်းစိုင်းတို့နဲ့ Frenzo Tour တွေ တောက်လျှောက် ထွက်ဖြစ်နေတော့ ပရိသတ်တွေ အနေနဲ့ သီချင်း သစ်တွေ ဘယ်တော့ နားထောင် ရမှာလဲ လို့ မေးပြန်တော့ “၁၁လပိုင်းထဲမှာတော့ Frenzo Tour အခွေထွက်မယ်။ အဲဒီထဲမှာ ကျွန်တော် နဲ့   နဲ့နှစ်ယောက်ရဲ့ “အရက်သမားသစ္စာ” ဆိုတဲ့သီချင်းပါမယ်။ ၁၁လပိုင်း ထဲမှာ ပဲ ကျွန်တော့် သူငယ်ချင်း J Fireရဲ့ “မန္တလေး တပင်ရွှေထီး” အယ်လ်ဘမ် ထွက်မယ်။ အဲဒီထဲမှာလည်း ကျွန်တော်နဲ့ J Fire ရဲ့ “ဘယ်မြို့သူ ပိုမိုက်လဲ” ဆိုတဲ့ သီချင်းသစ် ပါမယ်။ ပြီးသွားရင် ၁၂လ ပိုင်း ကျွန်တော့် မွေးနေ့မှာ တစ်ခုခု ထူးထူးခြားခြား ဖြစ်အောင် သီချင်းအမ် တီဗီထွက်ဖို့ စီစဉ် နေပါတယ်။ အဲဒီ စီးရီးခွေကို ကျွန်တော့် ပရိသတ်တွေ အတွက် ကျွန်တော့် မွေးနေ့ မှာ အမှတ်တရ ဖြန့်ချိမှာပါ။ မီနီအယ်လ်ဘမ် သဘောမျိုးပေါ့ဗျာ” လို့ G.Fatt ကပြောပြခဲ့ပါတယ်။

မျိုးမောင်  


LEAVE A REPLY

Please enter your comment!
Please enter your name here