ဥပါယ်တံမျဉ်ဇာတ်ကား အွန်လိုင်းပေါ်ပျံ့နှံ့မှုအား အမှုဖွင့်မည်ဆိုလျှင် ရုပ်ရှင်အစည်းအရုံးမှ ဝိုင်းဝန်းကူညီမည်

0
330

ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက် ကူးခဲ့တဲ့ ‘ဥပါယ်တံမျဉ်’ ရုပ်ရှင်ဇာတ် ကားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အွန်လိုင်းပေါ်ကို ဇာတ်လမ်းအစ အဆုံး ပျံ့နှံ့လာခဲ့ရာ ဒီလိုပျံ့နှံ့တဲ့အ ပေါ်မှာ ဒါရိုက်တာ ခရစ္စတီးနားခီက တော့ အလွန်အံ့သြမှင်တက်မိပြီး ဇာတ်ကားတစ်ကားလုံးဟာ လုံးဝ အကြည်ဖြစ်နေတာလည်း အံ့သြ ရတယ်လို့ ဆိုပါတယ်။ အဆိုပါ ကိစ္စ ရပ်မျိုးကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဘက်က ဘယ်လို ကူညီဆောင် ရွက်ပေးဖို့ရှိမလဲဆိုတဲ့ အမေးကို တော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက …

”အမှန်တော့ အခုလို ဖြစ်လာ ရင် ဥပဒေ ဆိုတာ ရှိပြီးသားပါခင်ဗျ။ ဥပဒေက ရှိနေတဲ့အတွက် မူပိုင်ခွင့် ဆိုတာကို ဘေးဖယ်ထားလိုက်ပါဦး။ ဥပဒေဆိုတာနဲ့ ကျွန်တော်တို့ လုပ်လို့ ရတဲ့ ဥပဒေတွေ ရှိပါတယ်။ အွန် လိုင်းဆိုတဲ့ အရာမှာ ကျွန်တော်တို့ ဆီမှာလည်း အွန်လိုင်းနဲ့ပတ်သက်တဲ့ အွန်လိုင်းဥပဒေတွေ ရှိပါတယ်။ အဲဒီ အတွက် ကာယကံရှင်တွေ ကိုယ်တိုင် ကိုင်တွယ်ဖို့ လိုပါတယ်” လို့ ပြောပါ တယ်။

အရင်ကလည်း ဒီလိုမျိုး ဖြစ်စဉ် တစ်ခုရှိခဲ့ဖူးပြီး အမှုဖွင့်လှစ်တာတော့ မရှိဘူးလို့ ဦးဇင်ဝိုင်းက ပြောပါတယ်။ ကာယကံရှင်တွေက အမှုဖွင့်မယ်ဆို ရင်တော့ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးသွားမယ်ဆိုတဲ့ ဦးဇင်ဝိုင်းက ..

”အခုဥပါယ်တံမျဉ်လိုပဲ အရှေ့ မှာလည်း ပြဿနာတစ်ခု ဖြစ်ခဲ့ဖူးပါ တယ်။ ဇာတ်ကားတစ်ကား ပြသနေ စဉ်ကာလအတွင်းမှာ ရုပ်ရှင်ရုံထဲမှာ LIVEလွှင့်တာပါ။ LIVEလွှင့်တာကို သိသိချင်းပဲ အဲဒီရုံကိုသွားပြီးတော့ ရှင်းလင်းချက်လုပ်နိုင်ဖို့ သွားရောက် ကြိုးစားပါတယ်။ သို့သော် အဲဒီလွှင့် တဲ့ ပုဂ္ဂိုလ်ကတော့ အပြင်ထွက်သွား ပါပြီ။ သို့သော်လည်း အဲဒီ LIVEလွှင့်သွားသူရဲ့ နေရပ်လိပ်စာနဲ့ နေ ရာအတိအကျရပါတယ်။ အတိအကျ ရခဲ့တဲ့အတွက် သက်ဆိုင်ရာထုတ်လုပ် သူကိုလွှင့်သွားတဲ့ သူ့ရဲ့နေရပ်လိပ် စာနဲ့ နေရာအတိအကျကို ပြောပြ တယ်။ သူလွှင့်ခဲ့တဲ့ အထောက်အထား တွေကိုပါ ပေးပို့ခဲ့ပါတယ်။ သက် ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ဖို့အတွက် သူတို့ကို တိုက်တွန်းခဲ့ပါတယ်။ သို့ သော်တကယ်တမ်းကျတော့ LIVEလွှင့်ခဲ့တဲ့ ပုဂ္ဂိုလ်ကလည်း တောင်းပန် ခဲ့တဲ့အတွက် ထုတ်လုပ်သူက ရဲစခန်း မှာ အမှုမဖွင့်ဖြစ်ခဲ့ပါဘူး။ အဲဒီအခါ မှာ ထုတ်လုပ်သူက မူပိုင်ပါ။ ဒီဇာတ် ကားနဲ့ ပတ်သက်ပြီးတော့ အသက် ဆိုင်ဆုံးလူပါ။ သူတို့ဘက်က အမှု မဖွင့်ဘဲနဲ့ ကျွန်တော်တို့ ဘက်ကနေ ပြီး အမှုဖွင့်ဖို့ဆိုတာ အတော်ခဲ ယဉ်း ပါတယ်။ သူတို့ကနေပြီး အမှုဖွင့်ချင် တယ် ဆိုရင်တော့ ကျွန်တော်တို့ဘက် ကနေပြီး လိုအပ်တာတွေကို ဝိုင်းဝန်း ကူညီပြီးတော့ လုပ်ဆောင်ပေးမှုကို သာ လုပ်လို့ ရပါတယ်” လို့ ရှင်းပြ ပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here