ငွေတီဦး ရေးသားတဲ့ ‘တိုးကျော် မန်းနဲ့ နန်းဆန်တဲ့ရွာ’ ရုပ်ရှင်ပြသလျက်ရှိ

0
194

ပဲခူးရိုးမတောထဲမှာ ခက်ခဲပင် ပန်းမှုပေါင်းများစွာဖြင့် ရိုက်ကူးထား တဲ့ ‘တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ ရွာ’ အထူးပွဲကို သမ္မတရုပ်ရှင်ရုံမှာ ဇူ လိုင်လ ၁ ရက်နေ့က ပြသခဲ့ပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားတွင် ဇာတ် လမ်း ငွေတီဦး၊ ဇာတ်ညွှန်းမိုးနီလွင်တို့ ကရေးသားထားပြီး ဒါရိုက်တာကျော် သားကြီးက ရိုက်ကူးကာ ကျော်ရဲ အောင်၊ ပြေတီဦး၊ ဗေလုဝ၊ သင်ဇာ ဝင့်ကျော်၊ အေးမြတ်သူ၊ မေဆူး မောင်၊ မိုးပွင့်ဖြူနှင့် မော်ဒယ်လ် သရုပ်ဆောင်များစွာတို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ‘ဒီ ဇာတ်လမ်းလေးကို ကျွန်တော်တို့ စတင်တည်ဆောက်ကတည်းက အ ကောင်းဆုံးပါဝင်ပြီးတော့ ဖန်တီးခဲ့ ကြတယ်။ ဒီဇာတ်လမ်းလေးက ကို ပြေတီဦးရဲ့ ညီမ ငွေတီဦးရဲ့ ဇာတ် လမ်းလေးပါ။ အဲဒါလေးကို ကိုမိုးနီ လွင်က ဇာတ်ညွှန်းခွဲပြီးတော့ ကျွန် တော်တို့ အားလုံး သေချာပြင်ဆင် ကာ အချိန်ယူပြီး ရိုက်ကူးထားတဲ့ အတွက် လာကြည့်ရကျိုးနပ်မယ့် ကားလေးတစ်ကားပါ’လို့ ဒါရိုက်တာ ကျော်သားကြီးက ပြောပြခဲ့ပါတယ်။

‘တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ’ ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၆ ရက်နေ့က စတင်ကာ တစ်နိုင်ငံလုံး ရှိ ရုပ်ရှင်ရုံကြီးများမှာ ပြသလျက်ရှိ ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here