မကြာခင် ထွက်ရှိလာတော့မယ့် အဆိုတော် ပန်းရောင်ခြယ်ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး

0
151

လူငယ်ပရိသတ်အားပေးမှု အပြည့်အဝရရှိထားတဲ့ အဆိုတော် ပန်းရောင်ခြယ်ကတော့ ဖခင်ဖြစ်သူ အဆိုတော် ဂရေဟမ်နဲ့အတူ Wake up Daddy! တေးစီးရီးတစ်ခွေထွက် ရှိခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်တေး စီးရီးထွက်ရှိဖို့လည်း ပြင်ဆင် နေပါတယ်။ သူ့ရဲ့ ပထဆုံးတစ်ကိုယ်တော် တေးစီးရီးနဲ့ ပတ်သက်ပြီး . .

”ပန်းရောင်ရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကို သေချာလေး ကြိုးစားပြီး ပြီးစီးအောင်လုပ်နေပါတယ်။ ဒီတေးစီးရီးကို ပြင်ဆင်တာကတော့ နည်းနည်းကြာပါပြီ။ ပြင်ဆင်တဲ့ အချိန်မှာ မေမေရော ညီမလေးရောဝိုင်းကူပြီး သီချင်းတွေရွေးပေးတယ်။ ဒယ်ဒီလည်း ပန်းရောင်ကိုယ်တိုင်ရေး ထားတဲ့ သီချင်းတွေကို ပုံဖော် ပေးတယ်။ ပန်းရောင်ရဲ့ ဒီတစ်ကိုယ်တော်အခွေမှာတော့ Wake up Daddy! စီးရီးခွေမှာတုန်းကမသီဆိုဖူးလိုက်တဲ့ Eletronic Music လေးတွေပါမယ်။ ပြီးတော့ Performance ကောင်းကောင်းလေးတွေ လုပ်လို့ ရမယ့်သီချင်းတွေလည်း ပါမယ်။ သီချင်းကတော့ ဒယ်ဒီနဲ့အတူ ရေးသားထားတဲ့ သီချင်း နှစ်ပုဒ်လောက် ပါမယ်။သီချင်းအားလုံးကတော့ ရှစ်ပုဒ် ဒါမှ မဟုတ်ရင် ဆယ်ပုဒ်လောက်ပါမယ်။နောက် နှစ်လသုံးလ အတွင်းထွက်ရှိနိုင်အောင် ကြိုးစားနေပါတယ်” လို့ပန်းရောင်ခြယ်ပြောပြခဲ့ပါတယ်။

ဂီတနဲ့ပတ်သက်ရင် ဖခင်ဖြစ်သူက အမြဲတမ်း လမ်းပြပေးတယ်လို့ပြော လာတဲ့ အဆိုတော် ပန်းရောင်ခြယ်က . . .

”ဒယ်ဒီကတော့ ပန်းရောင်ကို ဂီတနဲ့ပတ်သက်ပြီး သင်ပြပေးတယ်။ အများကြီး လမ်းပြပေးတယ်။ ကြိုး စားဖို့လည်း အမြဲတမ်းပြောတယ်။ ရေရှည် အောင်မြင်ဖို့ဆိုတာကလည်း သမီးရဲ့ ကြိုးစားမှု အနုပညာဝမ်းစာနဲ့ သက်ဆိုင်တယ်လို့အမြဲပြောပါတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ ရာခိုင်နှုန်း ပြည့် ကျေနပ်တယ်ဆိုတာမရှိဘူးပေါ့နော်။ ပန်းရောင်လည်းအများကြီး ကြိုးစားဖို့ လိုပါသေးတယ်” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here