သရုပ်ဆောင်လုပ်ဖို့အစီအစဉ်မရှိပါဘူး စာရေးဆရာမဒေါက်တာစိမ့်စမ်းဖြူ

0
558

စာရေးဆရာမလေးလည်း ဖြစ်သလို ဒေါက် တာမလေးလည်း ဖြစ်တဲ့စိမ့်စမ်းဖြူကို ပရိသတ်များရဲ့ စိတ်ဝင်စား ခြင်းခံရတဲ့အပေါ် ဘယ် လိုခံစားချက်တွေဖြစ်ပေါ်နေသလဲလို့ မေးကြည့်တဲ့အခါမှာတော့ စိမ့်စမ်း ဖြူက …

”စာရေးဆရာဆိုတော့ အစ်မရေးသားတဲ့စာတွေကို ပိုပြီးသိစေချင်တယ်။ အစ်မရေးသားတဲ့စာတွေကို သိပြီးတော့မှ အစ်မကို သိကြတာမျိုး လိုချင်တာ။ ဒါပေမဲ့ ကိုယ်ကလည်း လူငယ်တစ်ယောက်လည်း ဖြစ်တယ်ဆိုတော့ တခြားဖေ့စ်ဘုတ်ခ်သုံးကြတဲ့ သူတွေလိုမျိုးပဲ ဓာတ်ပုံတွေ ရိုက်ပြီးတင်ဖြစ်တာ။ အဲဒီမှာမှ အစ်မထင်တာကတော့ ဒီဘက်ခေတ်မှာ မြန်မာ အင်္ကျီဝတ်ဆင်တဲ့သူ တွေ လည်းများတယ်ဆိုတဲ့အတွက် မထူးခြားဘူး။ ဒါပေမဲ့ အစ်မရဲ့ဆံပင် ရှည်စတိုင်အခုခေတ်ကလည်း ဆံပင်ရှည်ကလည်း နည်းနည်းရှားတော့ အစ်မရဲ့ဆံပင်ကြောင့်လူတွေတော် တော်များများ သတိထားမိသွား တယ် ထင်တယ်။ ပြောရရင်တော့ ဖက်ရှင်ဒီဇိုင်းတွေကြောင့်မဟုတ်ဘဲ ဆံပင် ကြောင့် အစ်မကို သတိထားမိသွားတယ်လို့ထင်ပါတယ်။ ပြီးတော့လည်း ရုတ်တရက်ကြီး အစ်မရဲ့ ဖေ့စ်ဘုတ်ခ် အကောင့်မှာ Followers တွေက တက်လာတော့ ပြောရရင်တော့ နည်းနည်းရင်ထဲမှာ စိုးရိမ်မိတယ်။ အစ်မက အေးအေးချမ်းချမ်းပဲနေချင်တာပါ။ အမေပြောတဲ့ စကား လိုမျိုး ပြတင်းပေါက်တစ်ခုကိုဖွင့်လိုက်ရင်လေကောင်း တွေ လည်းဝင်လာသလို၊ အမှိုက်တွေဖုန်တွေလည်းဝင်လာတယ်။ အဲဒီလိုမျိုးပဲ အစ်မက လေကောင်းလေသန့်တွေကို ကြိုဆိုပေမယ့် အမှိုက်တွေ၊ ဖုန်တွေ ပါလာမှာကိုလည်း စိုးရိမ်မိတယ်။ ဒါက အစ်မကိုလူတွေတော်တော်များများသိတဲ့ အချိန်မှာ ဖြစ်နေတဲ့ ရင်ထဲက ခံစားချက်ပါ။ အဲဒီလိုခံစားချက်မျိုး ဖြစ်နေတဲ့အတွက် နည်းနည်းတော့ စိုးရိမ်မိတယ်”လို့ ပြောပါတယ်။

ပရိသတ်အားပေးမှုတွေ ရရှိလာတဲ့အတွက် စာရေးဆရာမ၊ ဆရာဝန်ဒေါက်တာအလုပ်ကနေ သရုပ်ဆောင်အနုပညာ အလုပ်တွေ ကမ်းလှမ်းလာရင် လက်ခံသွားဖို့ရှိ သလားလို့ မေးကြည့်တဲ့အခါမှာတော့…

”ဝါသနာပါတာက စာရေးတဲ့အလုပ်၊ အိမ်က ဖြစ်စေ ချင်တဲ့ ဆရာဝန်ဒေါက်တာအလုပ်မှာလည်း စိတ်ဝင် တစားသင်ယူပြီး လူနာတွေကို ဂရုစိုက်ပေးတဲ့အလုပ် ၂ ခုရယ်ကလွဲပြီး ဘယ်အပိုင်းကိုမှ ဦးတည်ဖို့မရှိပါဘူး။ သရုပ်ဆောင်တာတို့၊ သီချင်းဆိုတာ တို့လုပ်ဖို့ အစီအစဉ်မရှိဘူး။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကြော်ငြာလေးတွေတော့ လက်ခံ ထားပါ တယ်။ ကျန်တဲ့အနုပညာအလုပ်တွေကို စိတ်မဝင်စားပါ ဘူး”လို့ စိမ့်စမ်းဖြူကပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here