Saturday, December 21, 2024

မိုးမောက်မြို့နယ်အတွင်း ဒေသခံစစ်ရှောင် (၁၀,၀၀၀)ကျော် ခိုလှုံရာနေရာများ...

ဗန်းမော်မြို့ ၊ တိုက်ပွဲကြောင့် မိုးမောက်မြို့ အတွင်းသို့ တိမ်းရှောင်လာသော ဒေသခံစစ်ဘေးရှောင် (၁၁,၀၀၀)ကျော် ခိုလှုံရာနေရာများ အခက်အခဲဖြစ်ပေါ်နေသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။ မိုးမောက်မြို့သည်...

မြန်မာ-လာအို နှစ်နိုင်ငံအကြား ဘုံအကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေး၊...

မြန်မာ-လာအို နှစ်နိုင်ငံအကြား ဘုံအကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်စွမ်းအားအစရှိသည့် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံတော်ဆိုင်ရာ...

ရုပ်ရှင်ဥပဒေကို ပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်

နစက မှ ဒီဇင်ဘာ ၂၀ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၅၉/ ၂၀၂၄ ဖြင့် ရုပ်ရှင်ဥပဒေအား ပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ရုပ်ရှင်ဥပဒေ ပုဒ်မ...

ယနေ့ မြို့နယ် ၆ ခု၌...

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင် မြို့နယ်(၆)ခု၌ ၄ နာရီကြာ လျှပ်စစ်မီးယာယီပြတ်တောက်မည်ဟု အသိပေးခဲ့သည်။ YESC စီမံရေးဌာန၊ ကောင်းကင်ဓာတ်အားလိုင်းတည်ဆောက်ရေးဌာနခွဲ၏ 66kV...
HomeCelebrities' Newsမိခင်တွေက သားသမီးတွေကို လက်လွတ်စပယ်မထားဖို့...

မိခင်တွေက သားသမီးတွေကို လက်လွတ်စပယ်မထားဖို့ ပညာပေးဇာတ်ကားရိုက်ကူးမယ့် အကယ်ဒမီသရုပ်ဆောင် အိန္ဒြာကျော်ဇင်

လက်ရှိမှာတော့ပရိသတ်များရဲ့အချစ်တော် အကယ်ဒမီသရုပ်ဆောင် အိန္ဒြာကျော်ဇင် ဟာသူ့ ကလေးတွေရဲ့ကျောင်းကိစ္စတွေကြောင့် ဇာတ်ကားရိုက်ကူးမှုတွေ ရပ်နားထားတာ တွေ့ရသလို အခုချိန်မှာတော့ ဒါရိုက်တာဟိန်းစိုးရိုက်ကူးမယ့် “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကသရုပ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ “ဟစ် တိုင်”ရုပ်ရှင်ဇာတ်ကားဟာ အခုလတ်တလောဖြစ်ပေါ်နေကြတဲ့ သက်ငယ်မုဒိမ်းမှုတွေကို အခြေခံ ရိုက်ကူးမယ့်ပညာပေးဇာတ်ကားတစ်ကားဖြစ်ပြီး မိခင်တစ်ယောက်ဖြစ်တဲ့အတွက် ဒီလိုဇာတ်ကားမျိုးကို သရုပ်ဆောင်ရတဲ့အခါ ရင်ထဲမှာတစ်မျိုးကြီးဖြစ်နေတယ်လို့ ဒီဇာတ် ကားကြီးနဲ့ပတ်သက်ပြီး သရုပ်ဆောင်အိန္ဒြာကျော်ဇင်က ပြောပြခဲ့ပါတယ်။

“အဓိကကတော့ ဒီဇာတ်ကားထဲမှာ အစ်မသရုပ်ဆောင်ရတဲ့ ဒေါင်းနီရဲ့စိတ်ဓာတ်က မဟုတ်မခံပေါ့နော်။ သမီးကို ချစ်တဲ့စိတ်နဲ့ အကုန်လုံးကို စွန့်လွှတ်နိုင်တယ်။ အဓိကကတော့ သက် ငယ်မုဒိမ်းကိုပညာပေးအနေနဲ့ သွားချင်တဲ့ဇာတ်မျိုးပါ။ မိခင်တွေအနေနဲ့ ဒီလို မုဒိမ်းမှုတွေ မဖြစ်အောင် ကလေးငယ်တွေကို လက်လွတ်စပယ်မထားဖို့ ဒီဇာတ်ကားကပညာပေးတဲ့ သဘောမျိုးပါ။ အစ်မအနေနဲ့ ဒီလိုပညာပေးဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့အတွက်ကျေနပ်မိပါတယ်။ အကောင်းဆုံးလည်း သရုပ်ဆောင်သွားဖို့ရှိပါတယ်။

အစ်မလည်းမိခင်တစ်ယောက်ဖြစ်တဲ့ အတွက် သက်ငယ်မုဒိမ်းဆိုတဲ့ ဒီလိုမျိုးသတင်းတွေကြားရင် ရင်ဘတ်ထဲမှာ ဘယ်လိုကြီးဖြစ်သွားမှန်း မသိဘူး။ အရမ်းခံစားရတယ်။ ကိုယ်ကလည်း မွေးထားတာသမီး မိန်းကလေးပါတယ်ဆိုတော့ ဒါ မျိုးတွေက မိခင်တွေနဲ့သက်ဆိုင်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားလေးကအခြား ဇာတ်ကားတွေနဲ့မတူဘဲ ပညာပေးဇာတ်ကားလေးလည်းဖြစ်တဲ့အတွက် အခက်အခဲတွေကတော့ တခြားဇာတ်ကားတွေထက်ရှိမှာပဲ။ အဓိကကတော့ ဒီဇာတ်လမ်းပေါ်မှာစိတ်ပါဝင်ခံစားချက်ကဇာတ်ကား ရိုက်ကူးနေမယ့်အချိန်မှာ ဘယ် လောက်ထိ ပြင်းထန်သွားမလဲဆိုတာ ဒီဇာတ်ကားမှာ သရုပ်ဆောင်မယ့် အစ်မလည်း စိတ်ဝင်စားနေပါ တယ်”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။လက်တလောမှာ ရိုက်ကူးဖို့ကမ်းလှမ်းလာတဲ့ ဇာတ်ကားတချို့ကို ငြင်းဖြစ်တာနဲ့ ပတ်သက်ပြီးလည်း အိန္ဒြာကျော်ဇင်က…

“ဇာတ်ကားရိုက်ကူးမှုတွေကို ငြင်းဖြစ်နေတာကလည်း အခြေအနေ အကြောင်းတရားကမတိုက်ဆိုင်ဘူး။ ပြီးတော့ကလေးကျောင်းကိစ္စတွေ၊ နယ်ထွက်ဖို့ အဆင်မပြေတာတွေ ကြောင့် ဇာတ်ကားရိုက်ကူးမှုတွေနားဖြစ်တာပါ။ အခုဒီဇာတ်ကားကတော့ ကလေးတွေကျောင်းပိတ်နေ တဲ့အချိန်၊ ဩဂုတ်လလယ်မှ ဖွင့်မှာဆိုတော့ ဒီဇာတ်ကားက ဇူလိုင်မှာရိုက်ကူးမှာဆိုတော့နယ် ထွက်ပြီးတော့ ရိုက်ကူးလို့အဆင်ပြေတယ်။ နောက်ပြီး ဇာတ်လမ်းလေးကလည်း အရမ်းကောင်း တယ်။ ဝတ္တုမှာကတည်းက စာဖတ်ပရိသတ်အကြားမှာပေါက်ထားတော့ ဒီဇာတ်လမ်းကိုကမ်းလှမ်း တဲ့ကုမ္ပဏီနဲ့ ဒါရိုက်တာဟိန်းစိုးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

သဲစုလှိုင်

Ads Space Available


Continue reading

မိုးမောက်မြို့နယ်အတွင်း ဒေသခံစစ်ရှောင် (၁၀,၀၀၀)ကျော် ခိုလှုံရာနေရာများ အခက်အခဲဖြစ်ပေါ်နေ

ဗန်းမော်မြို့ ၊ တိုက်ပွဲကြောင့် မိုးမောက်မြို့ အတွင်းသို့ တိမ်းရှောင်လာသော ဒေသခံစစ်ဘေးရှောင် (၁၁,၀၀၀)ကျော် ခိုလှုံရာနေရာများ အခက်အခဲဖြစ်ပေါ်နေသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။ မိုးမောက်မြို့သည် ဗန်းမော်ခရိုင်အတွင်းပါရှိသည့် အစိုးရရုံးစိုက်ရာမြို့ဖြစ်ကာ လက်ရှိတွင် KIO က ထိန်းချုပ်ထားသည့်မြို့တစ်မြို့လည်းဖြစ်သည်။ လက်ရှိတွင် ဒေသခံများအနေဖြင့် မိုးမောက်မြို့အတွင်းရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြသည့်အပြင် တချို့မှာလည်း ကျေးရွာများအတွင်းရှိ မိသားစုနည်းသည့် နေအိမ်များတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။ စစ်ရှောင်ဦးရေမှာနေ့စဉ်နှင့်အမျှတိုးလာနေပြီး၊ ကနဦးရောက်ရှိလာသည့် စစ်ရှောင် (၄,၀၀၀)ကျော်ကို နေရာချပေးရန်ပင် အခက်အခဲများရှိနေကြောင်း စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသည့်ဒေသခံတစ်ဦးက ဆိုသည်။ ယခုလ ဒီဇင်ဘာ (၄)ရက်မှ စတင်ဖြစ်ပွားခဲ့သော...

မြန်မာ-လာအို နှစ်နိုင်ငံအကြား ဘုံအကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်စွမ်းကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်မည်

မြန်မာ-လာအို နှစ်နိုင်ငံအကြား ဘုံအကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်စွမ်းအားအစရှိသည့် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံတော်ဆိုင်ရာ အထူး အာဏာကုန်လွှဲအပ်ခြင်းခံရသော လာအိုနိုင်ငံသံအမတ်ကြီး မစ္စတာ ဘွန်ဖီယန် ကျန်ထဝုန်တို့ တွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူး အာဏာကုန်လွှဲအပ်ခြင်းခံရသော လာအိုနိုင်ငံသံအမတ်ကြီး မစ္စတာ ဘွန်ဖီယန် ကျန်ထဝုန် အား ဒီဇင်ဘာ (၂၀)...

ရုပ်ရှင်ဥပဒေကို ပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်

နစက မှ ဒီဇင်ဘာ ၂၀ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၅၉/ ၂၀၂၄ ဖြင့် ရုပ်ရှင်ဥပဒေအား ပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ရုပ်ရှင်ဥပဒေ ပုဒ်မ ၂ ၏ ပုဒ်မခွဲ(က)၊ (ခ) နှင့်(ဇ) တို့အား အစားထိုးမှုများပြုလုပ်ခဲ့ပြီး ပုဒ်မခွဲ(ဇ) နောက်တွင်လည်း ပုဒ်မခွဲ(ဈ)အဖြစ် ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်ဆိုခြင်းနှင့်ပတ်သက်၍ ဖြည့်စွက်မှုများပြုလုပ်ခဲ့သည်။ ထို့ပြင် ရုပ်ရှင်ဥပဒေ ပုဒ်မ ၃ ၏ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ဃ)တွင်ပါရှိသည့် စကားရပ်များကိုလည်း အစားထိုးမှုများပြုလုပ်ခဲ့ပြီး ပုဒ်မ(၈)ခုနှင့် ပုဒ်မခွဲ(၂)ခုတို့တွင်ပါရှိသည့် "မြန်မာ့ရုပ်ရှင်လုပ်ငန်း"ဆိုသောစကားရပ်နေရာ၌ "ဦးစီးဌာန"ဟု အစားထိုးခဲ့သည်။ ထို့အတူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071