မိခင်တွေက သားသမီးတွေကို လက်လွတ်စပယ်မထားဖို့ ပညာပေးဇာတ်ကားရိုက်ကူးမယ့် အကယ်ဒမီသရုပ်ဆောင် အိန္ဒြာကျော်ဇင်

0
143

လက်ရှိမှာတော့ပရိသတ်များရဲ့အချစ်တော် အကယ်ဒမီသရုပ်ဆောင် အိန္ဒြာကျော်ဇင် ဟာသူ့ ကလေးတွေရဲ့ကျောင်းကိစ္စတွေကြောင့် ဇာတ်ကားရိုက်ကူးမှုတွေ ရပ်နားထားတာ တွေ့ရသလို အခုချိန်မှာတော့ ဒါရိုက်တာဟိန်းစိုးရိုက်ကူးမယ့် “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကသရုပ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ “ဟစ် တိုင်”ရုပ်ရှင်ဇာတ်ကားဟာ အခုလတ်တလောဖြစ်ပေါ်နေကြတဲ့ သက်ငယ်မုဒိမ်းမှုတွေကို အခြေခံ ရိုက်ကူးမယ့်ပညာပေးဇာတ်ကားတစ်ကားဖြစ်ပြီး မိခင်တစ်ယောက်ဖြစ်တဲ့အတွက် ဒီလိုဇာတ်ကားမျိုးကို သရုပ်ဆောင်ရတဲ့အခါ ရင်ထဲမှာတစ်မျိုးကြီးဖြစ်နေတယ်လို့ ဒီဇာတ် ကားကြီးနဲ့ပတ်သက်ပြီး သရုပ်ဆောင်အိန္ဒြာကျော်ဇင်က ပြောပြခဲ့ပါတယ်။

“အဓိကကတော့ ဒီဇာတ်ကားထဲမှာ အစ်မသရုပ်ဆောင်ရတဲ့ ဒေါင်းနီရဲ့စိတ်ဓာတ်က မဟုတ်မခံပေါ့နော်။ သမီးကို ချစ်တဲ့စိတ်နဲ့ အကုန်လုံးကို စွန့်လွှတ်နိုင်တယ်။ အဓိကကတော့ သက် ငယ်မုဒိမ်းကိုပညာပေးအနေနဲ့ သွားချင်တဲ့ဇာတ်မျိုးပါ။ မိခင်တွေအနေနဲ့ ဒီလို မုဒိမ်းမှုတွေ မဖြစ်အောင် ကလေးငယ်တွေကို လက်လွတ်စပယ်မထားဖို့ ဒီဇာတ်ကားကပညာပေးတဲ့ သဘောမျိုးပါ။ အစ်မအနေနဲ့ ဒီလိုပညာပေးဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့အတွက်ကျေနပ်မိပါတယ်။ အကောင်းဆုံးလည်း သရုပ်ဆောင်သွားဖို့ရှိပါတယ်။

အစ်မလည်းမိခင်တစ်ယောက်ဖြစ်တဲ့ အတွက် သက်ငယ်မုဒိမ်းဆိုတဲ့ ဒီလိုမျိုးသတင်းတွေကြားရင် ရင်ဘတ်ထဲမှာ ဘယ်လိုကြီးဖြစ်သွားမှန်း မသိဘူး။ အရမ်းခံစားရတယ်။ ကိုယ်ကလည်း မွေးထားတာသမီး မိန်းကလေးပါတယ်ဆိုတော့ ဒါ မျိုးတွေက မိခင်တွေနဲ့သက်ဆိုင်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားလေးကအခြား ဇာတ်ကားတွေနဲ့မတူဘဲ ပညာပေးဇာတ်ကားလေးလည်းဖြစ်တဲ့အတွက် အခက်အခဲတွေကတော့ တခြားဇာတ်ကားတွေထက်ရှိမှာပဲ။ အဓိကကတော့ ဒီဇာတ်လမ်းပေါ်မှာစိတ်ပါဝင်ခံစားချက်ကဇာတ်ကား ရိုက်ကူးနေမယ့်အချိန်မှာ ဘယ် လောက်ထိ ပြင်းထန်သွားမလဲဆိုတာ ဒီဇာတ်ကားမှာ သရုပ်ဆောင်မယ့် အစ်မလည်း စိတ်ဝင်စားနေပါ တယ်”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။လက်တလောမှာ ရိုက်ကူးဖို့ကမ်းလှမ်းလာတဲ့ ဇာတ်ကားတချို့ကို ငြင်းဖြစ်တာနဲ့ ပတ်သက်ပြီးလည်း အိန္ဒြာကျော်ဇင်က…

“ဇာတ်ကားရိုက်ကူးမှုတွေကို ငြင်းဖြစ်နေတာကလည်း အခြေအနေ အကြောင်းတရားကမတိုက်ဆိုင်ဘူး။ ပြီးတော့ကလေးကျောင်းကိစ္စတွေ၊ နယ်ထွက်ဖို့ အဆင်မပြေတာတွေ ကြောင့် ဇာတ်ကားရိုက်ကူးမှုတွေနားဖြစ်တာပါ။ အခုဒီဇာတ်ကားကတော့ ကလေးတွေကျောင်းပိတ်နေ တဲ့အချိန်၊ ဩဂုတ်လလယ်မှ ဖွင့်မှာဆိုတော့ ဒီဇာတ်ကားက ဇူလိုင်မှာရိုက်ကူးမှာဆိုတော့နယ် ထွက်ပြီးတော့ ရိုက်ကူးလို့အဆင်ပြေတယ်။ နောက်ပြီး ဇာတ်လမ်းလေးကလည်း အရမ်းကောင်း တယ်။ ဝတ္တုမှာကတည်းက စာဖတ်ပရိသတ်အကြားမှာပေါက်ထားတော့ ဒီဇာတ်လမ်းကိုကမ်းလှမ်း တဲ့ကုမ္ပဏီနဲ့ ဒါရိုက်တာဟိန်းစိုးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here