‘ရာဇဝင်ရိုင်းခဲ့သည်’ ရုပ်ရှင်ဇာတ်ကားကို ဆင်ဆာလူကြီးတွေ ဘာကြောင့် ခွင့်ပြုပေးတာလဲ

0
231

မိဘတွေရဲ့ အိမ်ထောင်ရေး အဆင်မပြေမှုတွေ၊ နောက်ကွယ်မှာ ဖောက်ပြန်မှုတွေကြောင့် သားသမီးတွေမှာ စိတ်ဒဏ်ရာရပြီး အရွယ်ရောက်လာတဲ့အခါ မလုပ်သင့်တာတွေ လုပ်တတ်သွားတာကို ပုံဖော်ရိုက်ကူးထားတဲ့ ‘ရာဇဝင် ရိုင်းခဲ့သည်’ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဇူလိုင် ၆ ရက်နေ့မှာ ရုံတင်ပြသပြီဖြစ်ပါ တယ်။ ဇေရဲထက်ရဲ့ ပုံမှန်ထက် ကွဲ ထွက်နေတဲ့ သရုပ်ဆောင်မှုနဲ့ ခင်ဇာခြည်ကျော်ရဲ့ ဖောက်ပြန်တတ်တဲ့ အမျိုးသမီးနေရာ ကနေ သရုပ် ဆောင်ထား မှုတို့ အံ့မခန်းမြင်တွေ့ကြရမှာပါ။ သရုပ်ဆောင်ထားတာ ပီပြင်သွားရင် အထင်မလွဲ ပါနဲ့လို့ လည်း ခင်ဇာခြည်ကျော်က ဆိုပါတယ်။ နောက်ပြီး အနုပညာလောကမှာ သိပ်မတွေ့ရတာကြာပြီဖြစ်တဲ့ ဇင်ဇင်ဇော်မြင့်၊ Gay ကာရိုက်တာကို စိန်ခေါ်မှုတွေများစွာနဲ့ သရုပ်ဆောင်သွားခဲ့တဲ့ အောင်လေး၊ ပြီးတော့ ဒါရိုက်တာက စာရေးဆရာမရွှေရေးထင်ထင် စတဲ့ အနုပညာရှင်တို့ရဲ့ ဖန်တီးပုံဖော်မှု အားလုံးပေါင်းစပ်လိုက်တဲ့အခါမှာ ‘ရာဇဝင်ရိုင်းခဲ့သည်’ ရုပ်ရှင်ဇာတ် ကား ဖြစ်တည်လာပါတယ်။

သရုပ်ဆောင်ဇေရဲထက်ကတော့ ”ဆင်ဆာလူကြီးတွေကအစ Pass ပေးတယ်ဆိုကတည်းက ဒီ ဇာတ်ကား ဟာ တအားကောင်းလို့ပါ။ ဆင်ဆာဖြတ်လို့ရတဲ့အခန်းတွေပါပေမယ့် တကယ်လက်ခံနိုင်တဲ့ကားမျိုးမို့လို့ ဆင်ဆာပေး တာပေါ့ နော်။ ပညာပေးကားလေးဖြစ်တဲ့အတွက် ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်”လို့ ပြောပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here