ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားအတွက် ရဲရဲကြီးကတိပေးလိုက်တဲ့ အကယ်ဒမီ လူမင်း

0
258

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုကို ၂၀၁၉ ခုနှစ်အတွင်းမှာ အပြီးသတ်ရိုက်ကူးပြီး ၂၀၂၀ ပြည့်နှစ်မှာ ရုံတင် ပြသနိုင်ဖို့အထိ ရည်ရွယ်ထားတဲ့အပြင် ရိုက်ကူးရာမှာလည်း သတ်မှတ် ထားတဲ့ ဘတ်ဂျက်ထက်ကျော်လွန်ပြီး သုံးစွဲရိုက်ကူးလာနိုင်တော့မှာဖြစ် တယ်လို့ အကယ်ဒမီလူမင်းက ပြောပါတယ်။ သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြန်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဗိုလ်ချုပ် ရုပ်ရှင်အတွက် ဘတ်ဂျက်ကို လိုအပ်သလောက်ရှာဖွေပေးမယ်လို့ အာမခံသွားခဲ့တဲ့အတွက် အခုလိုမျိုး ဘတ်ဂျက် ပိုမိုသုံးစွဲနိုင်တာဖြစ်တယ်လို့ အကယ်ဒမီလူမင်းက ဆိုပါတယ်။

“ပထမတုန်းကတော့ အစ်ကိုတို့တွေမှာ လက်ရှိ ရှိထားတဲ့ ငွေကျပ်သိန်း ၈၀ဝ၀ ကျော်နဲ့ ဇာတ်ကားရိုက်ကူးတော့မယ်လို့ ဆုံးဖြတ်ထားကြတဲ့အချိန်မှာပဲ အခုလိုမျိုးကော်မတီကြီးနဲ့ ဆောင်ရွက်တော့မယ်ဆိုတဲ့ အစီအစဉ်ဖြစ်လာတဲ့ အတွက် အစ်ကိုတို့ဟာဘတ်ဂျက်နှစ်ဆတိုးလိုက်ပြီး တော့ ကျပ်သိန်းတစ်သောင်းခွဲအနည်းဆုံးလျာထား ပြီးတော့ ဇာတ်ညွှန်းကို ပြင်ဆင်ရေးသားပြီး ရိုက်ကူး မယ်လို့ ရည်ရွယ်ထားပါတယ်။ ဝန်ကြီးကိုယ်တိုင်က လည်း အာမခံသွားတယ်။ ကောင်းသထက်ကောင်း အောင်ရိုက်ကူးကြဖို့အတွက် လိုသလောက် ဘတ် ဂျက်ကိုရှာပေးသွား မှာဖြစ်တယ်။ အဲဒီအတွက် ဘတ် ဂျက်ကို Unlimited တော့မဟုတ်ပေမယ့် ကန့်သတ် ချက်ထက်ကျော်လွန်ပြီး သုံးစွဲနိုင်တဲ့အနေအထား တော့ရှိနေပါပြီ”လို့ သူက ပြောပြခဲ့ပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်နဲ့ပတ်သက်ပြီး ပြည်သူတွေကို အကယ်ဒမီလူမင်းက ကတိပေးစကား ပြောကြားခဲ့တာကတော့ “အစ်ကိုတို့တိုင်းပြည်ရဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့အကြောင်း ရိုက်ကူး တဲ့အချိန်မှာ အစ်ကိုတို့အဖွဲ့အနေနဲ့ ကတိရဲရဲကြီးပေးနိုင်တာ ကတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဟာ တစ်ခြားနိုင်ငံက ခေါင်းဆောင်များရဲ့အတ္ထုပ္ပတ္တိဇာတ်ကားတွေထက် မညံ့တဲ့ ရုပ်ရှင် ဇာတ်ကားတစ်ကားဖြစ်စေရမယ်”လို့ ပြောခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here