မြန်မာ့ဇာတ်သဘင်ကို ကမ္ဘာကသိအောင် ပြချင်သူသဘင် မင်းသားကြီး ဦးချမ်းသာ

0
280

မြန်မာ့ဇာတ်သဘင်ကို ကမ္ဘာက လာရောက်ကြည့်ရှု စေချင်တာက ပထမရည်မှန်းချက်ဖြစ်ပြီး ဒုတိယ ရည်မှန်း ချက်ကတော့ ဇာတ်သဘင်အနေနဲ့ ကမ္ဘာကိုပတ်ပြီးပြသ ချင်တာပဲဖြစ်ကြောင်း သဘင်မင်းသားကြီးဦးချမ်းသာက သူ့ရဲ့ဖြစ်စေလိုစိတ်ဆန္ဒကိုပြောပြပါတယ်။ ကမ္ဘာက လာ ရောက်ကြည့်ရှုတဲ့ အခါမှာလည်း မြန်မာ့ဇာတ်သဘင်ကို တင့်တယ်စွာ ကြည့်ရှုနိုင်ကြစေဖို့ နိုင်ငံတော်အနေနဲ့ လည်း နေရာတွေ စီစဉ်ပေးစေလိုပြီး အခုလက်ရှိမှာတော့ ဇာတ်သဘင်တွေရဲ့ ဇာတ်ရုံတွေဆိုတာက သိမ်သိမ်ငယ် ငယ်နဲ့ တင်ဆက်နေကြရကြောင်း၊ ရုပ်ရှင်တွေကိုလည်း အချိန်ပြည့် နာရီတွေနဲ့ ကြည့်ရသလို သဘင်လောက ကိုလည်း နေ့ပိုင်း နာရီ၊ ညပိုင်းနာရီတွေနဲ့ အတိုပိုင်း အချိန်လေးတွေနဲ့ တင်ဆက်နိုင်တဲ့ ဇာတ်ရုံမျိုးကို မြို့လယ် ကောင်မှာ တည်ဆောက်ပေးသင့်ကြောင်း သူက အကြံပြု စကားဆိုပါတယ်။

“အဲဒါဆိုရင် ကမ္ဘာအရပ်ရပ်ကလာရောက်ကြတဲ့ ဧည့်သည်တော်တွေဟာ မြန်မာပြည်ရဲ့ အနှစ်သာရတွေကို ကြည့်ရှုရမှာဖြစ်တဲ့အပြင် မြန်မာပြည်ရဲ့ အနုပညာဟာ ဘာတွေရှိသလဲဆိုတာကိုပါ လာရောက်ကြည့်ရှုဖို့ ဖိတ် ခေါ်တာနဲ့ တူသွားပါလိမ့်မယ်။ ခမ်းနားအောင်လုပ်ပေးရင် ပိုပြီးခမ်းနားသွားပါလိမ့်မယ်။

သူများနိုင်ငံမှာလည်း အဲဒီလို ခမ်းနားအောင်လုပ် ထားတဲ့အတွက်ကြောင့် ကမ္ဘာအရပ်ရပ်က လာကြည့်ကြ တာပါပဲ။ ကျွန်တော်တို့တိုင်းပြည်မှာ သူတို့ထက်လှတာတွေ ပြစရာတွေ အများကြီးပါပဲ။ အဲဒီလိုပြနိုင်ဖို့ရာအတွက် နိုင်ငံတော်ကအစ အားပေးစေချင်ပါတယ်။ မြန်မာနိုင်ငံ မှာ ဇာတ်သဘင်ကို လုပ်လို့ရတာတွေအများကြီးပါ။ ဇာတ် သဘင်အပေါ်မှာလည်း သူတို့အာရုံရှိဖို့လိုပါတယ်။ သူများနိုင်ငံမှာသဘင်ကို လက်မထောင်နိုင်တယ်။ ကျွန်တော်တို့အနေနဲ့လည်း လက်မထောင်နိုင်အောင် နိုင်ငံရဲ့မိဘတွေက တံခါးဖွင့်ပေးမှ သားသမီးတွေက အားလုံးမြင်အောင် ပြသနိုင်မှာပါ” လို့ မြန်မာ့ဇာတ်သဘင် ကို ကမ္ဘာကိုပြသချင်တဲ့ သူ့ရဲ့စိတ်ကို သဘင်မင်းသားကြီး ဦးချမ်းသာက ပြောပြတာပဲဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here