ကိုစိုးလှိုင်ဦးနဲ့ သရုပ်ဆောင် ရတနာခင် တို့ရဲ့ သားကြီး မောင်ဇွဲဦးထက်ရဲ့ ၁၂ နှစ်ပြည့် မွေးနေ့အလှူ

0
320

ကိုစိုးလှိုင်ဦးနဲ့ သရုပ်ဆောင် ရတနာခင်တို့ရဲ့သားကြီး မောင်ဇွဲဦး ထက်ရဲ့ ၁၂ နှစ်ပြည့်မွေးနေ့အလှူ ကို ဇူလိုင်လ ၃ ရက်နေ့က ရန်ကုန် မြို့၊ ဗဟန်းမြို့နယ်ရှိ မဟာဝိသုဒ္ဓါရုံ ရွှေကျင်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါ တယ်။ အဆိုပါ မွေးနေ့အလှူနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ရတနာ ခင်က . . .

”သားမွေးနေ့အတွက် မနှစ်က လည်း အလှူလုပ်ခဲ့တယ်။ ဒီနှစ်က တော့ ဒီမဟာဝိသုဒ္ဓါရုံရွှေကျင် ကျောင်းတိုက်ကို ရွေးလိုက်တာပေါ့ နော်။ ဒီကျောင်းကလည်း ဆွမ်းက တအားရက်ကျပ်နေတော့ ဒီနေ့ကို ယူလိုက်တာပါ။ အမှန်တော့ သား မွေးနေ့က ဇူလိုင်လ ၄ ရက်နေ့မှပါ။ မွေးနေ့အလှူအဖြစ် သံဃာအပါး ၁၄၂ ပါးကို နေ့ဆွမ်းကပ်တယ်။ ဆရာတော်ကြီးကိုလည်း လှူဖွယ် ပစ္စည်းတွေ လှူဒါန်းပါတယ်။ သားကို ငယ်ငယ်တုန်းကတော့ မွေးနေ့ပွဲလုပ် ရင် ကစားစရာတွေနဲ့ သူငယ်ချင်းတွေ နဲ့ မွေးနေ့ပွဲတွေလုပ်ပေးဖြစ်ပါတယ်။ ဒါပေမဲ့ နည်းနည်းလေးကြီးလာ တော့ ပျော်ပါးတာကို တစ်ခါတလေမှ လုပ်ပေးမယ်။ မွေးနေ့မှာ ကုသိုလ် ရအောင်ဆိုပြီး နှစ်တိုင်း နည်းသည် များသည်မဟုတ်တောင် ဘုန်းကြီး ကျောင်းတစ်ကျောင်းမှာ သံဃာတော် အားလုံးကို ဆွမ်းကပ်တယ်။ အလှူ ကိုအဓိကလုပ်တဲ့ပွဲဆိုတော့ ကိုယ်နဲ့ အရမ်းရင်းနှီးတဲ့သူငယ်ချင်းနဲ့ ဆွေ မျိုးလောက်ပဲ ဖိတ်ပါတယ်” လို့ ရတနာခင်က ပြောပါတယ်။

သူ့ရဲ့ သားကြီးဖြစ်သူ မောင်ဇွဲ ဦးထက်ကို အနုပညာဝါသနာပါလာ ရင် မိခင်တစ်ယောက်အနေနဲ့ ပံ့ပိုးပေး သွားမယ်လို့ဆိုလာတဲ့ ရတနာခင်က

”သားအတွက်ရည်မှန်းထား တာက လိမ္မာရေးခြားရှိပြီး မိဘ စကားကိုနားထောင်တယ်။ နောက် ပြီး သူ့ဘဝအတွက် သူကြိုးစားအောင် အစ်မတို့က သွန်သင်ဆုံးမရတာပေါ့။ ဒါပေမဲ့ သူတို့ခံယူတာကတော့သူတို့အပိုင်းပေါ့။ သူကတော့ အားကစား နဲ့ပတ်သက်ရင် ရေကူးတာဝါသနာ ပါတယ်။ သူတို့ကျောင်းမှာလည်း ရေကူးပြိုင်တာတွေရှိတော့ ဆရာတွေ ဘာတွေခေါ်ပြီး သူ့ကို Training ပေးပါတယ်။ နောက်ပြီး သူက Music ပိုင်းသီချင်းတွေဘာတွေ လုပ်ရတာလည်း ဝါသနာပါတယ်။ ကြီးလာရင်လည်း အနုပညာ ဝါသနာ ပါရင် ပံ့ပိုးပေးရမှာပေါ့။ အစ်မတို့ တုန်းကလည်း အနုပညာ မျိုးရိုးမရှိဘဲ ကိုယ်တစ်ယောက်တည်း လုပ်ခဲ့တာ ဆိုတော့ မိဘက ပံ့ပိုးပေးခဲ့တယ်” လို့လည်း ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here