စကားထစ်တဲ့ အခက်အခဲကြောင့် သရုပ်ဆောင် ဆက်လုပ်ဖို့ မသေချာသေးသူ အဆိုတော် ရတနာမိုင်

0
345

အဆိုတော် ရတနာမိုင်ကတော့ လက်ရှိမှာ သီချင်းအသစ်တွေလုပ်ဖြစ် နေပြီး ထွက်ရှိထားပြီဖြစ်တဲ့ “သူသိစေ” နဲ့ “ပြောသားပဲ”တေးစီးရီးနှစ်ခွေထဲ က သီချင်းတွေကို MTV အနေနဲ့ ထွက်ဖြစ်ဖို့လည်း ပြင်ဆင်နေပါတယ်။ ထွက်ရှိလာမယ့် သူ့ရဲ့ MTV အခွေနဲ့ ပတ်သက်ပြီး …

“သူသိစေဆိုပြီး CD ထွက်လိုက် တယ်။ ပြီးတော့ ပြောသားပဲ Mini Albulm ထွက်ထားတယ်ပေါ့။ အဲဒီနှစ် ခွေထဲက သီချင်းတွေကို ရွေးပြီးတော့ MTV ရိုက်ကူးပြီး အခွေထွက်ဖြစ်မှာ ပါ။ ရွေးမှာကတော့ မိုင်လေးရဲ့ ချစ် ပရိသတ်တွေ သိပြီးသား သီချင်းတွေ၊ သူတို့သတိထားမိတဲ့ သီချင်းတွေကို ရွေးပြီးတော့ MTV ရိုက်ကူးသွားဖို့ရှိပါ တယ်။ ရင်မဆိုင်ရဲဘူး၊ ရိုးရိုးလေး၊ ပုဆိုးလေးနဲ့ကိုကို၊ ရေမြေခြား၊ သူသိစေ၊ ဖုန်းတစ်လုံးဖြစ်ချင်တယ်၊ မောင်နဲ့မလွမ်းပို စတဲ့ သီချင်းတွေကိုရွေး ရိုက်သွားဖို့ ရှိပါတယ်။ နှစ်ခွေပေါင်းလိုက်တော့ အပုဒ်ရေက နည်းနည်းများသွားတယ်။ အဲဒီအထဲက ကိုးပုဒ်လောက်တော့ထုတ်ဖို့ စဉ်းစားထားပါတယ်”လို့ ရတနာမိုင် က ပြောပါတယ်။

သူကတော့ ပရိသတ် အသိအမှတ်ပြုပြီးသား အဆိုတော် တစ်ဦးဖြစ်သလို သရုပ်ဆောင်ပိုင်းကိုလည်း လုပ်ကိုင်လာသူပါ။ မကြာသေးမီက ဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူးတဲ့ “မုန်းလို့ရရင် မုန်းချင်တယ်” ရုပ်ရှင် ဇာတ်ကားမှာ နေတိုး၊ မင်းဦး၊ သင်ဇာဝင့်ကျော် စတဲ့သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိ သတ်တုံ့ပြန်မှုကိုလည်း …

“ကိုယ်က အဲဒီဇာတ်ကားထဲမှာ Actor ဆိုတာထက် သူတို့ အဆိုတော် ဇာတ်ရုပ်ကို လိုချင်လို့ လုပ်ပေးဖြစ်ခဲ့တာပေါ့။ အဲဒီမှာ ရှင်သန်ခြင်းအတွက်ဆို တဲ့ သီချင်းလေးကို ချစ်ပရိသတ်တွေ အားပေးကြတယ်ပေါ့။ အဲဒါလေးကတော့ တုံ့ပြန်မှုဆိုတာထက် ကိုယ်ရလိုက်တဲ့ အကျိုးအမြတ်တစ်ခုပါ” လို့ ပြောပြခဲ့ပါတယ်။ သရုပ်ဆောင်ပိုင်းကို ဆက်လုပ်သွားမှာလားလို့ ဆက်လက်မေးမြန်းခဲ့ရာ …

“ဒါရိုက်တာ ကိုဇော်မျိုးကတော့ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖို့ပြောထား ပါတယ်။ ကိုယ့်အတွက် အခက်အခဲကတော့ စကားထစ်တယ်။ စကားထစ်တာ ကြီးကို တအားကြောက်တာ။ စိတ်လည်း ပင်ပန်းတယ်။ အဲဒါလေးတစ်ခုရှိတယ်။ ရိုက်ဖို့ မရိုက်ဖို့ဆိုတာတော့ စဉ်းစားနေတုန်းပါပဲ”လို့လည်း ရတနာမိုင်က ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here