တေးသံရှင် မိုင် စီစဉ်တဲ့ ဆိုတော် မဟာ ရဲ့ တူသောအကျိုးပေးပါစေသား တေးစီးရီး မိတ်ဆက်

0
169


အဆိုတော် မဟာရဲ့ ပထမဆုံး ပွဲဦးထွက် တစ်ကိုယ်တော်စီးရီးခွေ “တူသောအကျိုးပေးပါစေသား” အယ်လ်ဘမ်သစ် မိတ်ဆက်ပွဲကို ဇူ လိုင်လ ၄ ရက်နေ့က Orchid Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ တေးသံရှင် မဟာက

“ကျွန်တော် ဒီတေးစီးရီးကို အချိန်တစ်နှစ်အတွင်းမှာ အကောင်းဆုံး ကြိုးစားထားပါတယ်။ ပထမဆုံးဆိုတော့ အခက်အခဲတွေ အများကြီးရှိတယ်။ အမေမိုင်တို့နဲ့ ရင်းနှီးနေတာတော့ ၃ နှစ်လောက်ရှိ ပြီ။ အမေမိုင်တို့နဲ့လိုက်ရင်းနဲ့ ကျွန်တော်သီချင်းလေးတွေ ဆိုဖြစ်တယ်။ အမေမိုင်က တေးစီးရီးခွေလေး လုပ် ကြည့်ပါလားဆိုပြီး တိုက်တွန်းမှုကြောင့် ကျွန်တော်လုပ်ဖြစ်တာပါ။ ဒီ တေးစီးရီးမှာ ကျွန်တော် ကိုယ်တိုင် ရေးသားထားတဲ့ သီချင်းလေးလည်းပါတယ်။ အသစ်တစ်ယောက် ဖြစ်ပေမယ့် နားဆင်ကြည့်ပါ။ ပရိသတ်ကြီး သဘောကျ မှာပါ”လို့ ပြောပါတယ်။

အဆိုပါတေးစီးရီးမှာ တေးရေး သျှန်ထွဏ်း(မြန်မာစာ)၊ ဈာန်လူးတိမ်၊ နေနွေနိုင်နဲ့ မဟာတို့ ရေးသားထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်း စုစုပေါင်း ၉ ပုဒ် ပါဝင်ပြီး ဇူလိုင်လ ၁၈ ရက်နေ့မှာ Pro Music ကနေ တစ်နိုင်ငံလုံးကို ဖြန့်ချိမှာ ဖြစ်ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here