ညီမဖြစ်သူ နိုနိုကေ အတွက် အကြံဏ် ကောင်းတွေ အမြဲပေးဖြစ်တျဲူ့ဂျူးကေ

0
151

ဂျူဂျူးကေကတော့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ အတွေ့များတဲ့ မင်းသမီးလို့ဆိုရမှာပါ။ သူ့အနေနဲ့လတ်တလော ပါဝင်သရုပ်ဆောင်ဖြစ်နေတာကလည်း ရုပ်သံဇာတ်လမ်းတွဲ တစ်ခုဖြစ်ကြောင်း သိရပါတယ်။ “အခုလက်ရှိMRTV-4 က ပြသမယ့်  Forever BEC Tero နဲ့ “အလင်းထဲကလူ” ဇာတ်ကားရိုက်ကူးနေပါတယ်။ Action Drama Series ပါ” လို့ သူက ပြောပါတယ်။ ပြီးတော့ ဂျူဂျူးကေက တယောထိုးတာလည်း ပိုင်နိုင်တယ်။ သူ့ရဲ့ ဖေ့စ်ဘုတ်ခ်မှာလည်း တယောထိုးထားတဲ့ Cover Song လးတွေ တင်ထားကြောင်း သူက ပြောပြပါတယ်။

“ဂျူးရဲ့ လှုပ်ရှားမှုတွေမှာ လိုအပ်တာတွေရှိရင်လည်း ဝေဖန်အကြံ ပေးကြပါလို့ ပြောချင်ပါတယ်။ ပြီးတော့ ဖေ့စ်ဘုတ်ခ်မှာ ဂျူးရဲ့ ပေ့(ခ်ျ)ကနေ ပြီးတော့ တယောထိုးထားတဲ့ ဃသလနမှသညါ လေးတွေပေါ့နော်။ အမ်တီဗီ ရိုက်ထားတဲ့ဟာလေးတွေ တင်ထားပါတယ်။ အဲဒီဥစ္စာလေးတွေကိုကြည့် ပြီးတော့လညှ်း့မေန ပြီး ဝေဖန်အကြံပေးကြပါဦး+”လို့ ဂျူဂျူးကေ က ဆိုပါတယ်။ ဂျူဂျူးကေမှာ နိုနိုကေဆိုတဲ့ ချစ်စရာညီမလေးတစ် ယောက်လည်း ရှိပါတယ်။ ဂျူဂျူးကေက သရုပ်ဆောင်ဘက်ကို သွားနေသလို နိုနိုကေက Miss ,Model ဘက်ကိုသွားနေပါ တယ်။ ညီအစ်မနှစ်ယောက်က အပြင်မှာ သိပ်မဆုံဖြစ်ကြဘူး နော်လို့ဆိုတော့ …

“ညီမတို့ မိသားစု တယောအဖွဲ့အနေနဲ့ ဖွဲ့ထားတာ အဖေပါပါတယ်။ အဲဒီမှာတော့ အမြဲတမ်း တပူးတွဲတွဲတွေ့ရ တယ်။ ကျန်တဲ့ကိစ္စမှာတော့ တယောအဖွဲ့မရှိရင် သူလည်း မော်ဒယ်လ်ကိစ္စနဲ့ သူ့ဘာသာသူ သွားတယ်။ ညီမလည်း ရှုတင် ကိစ္စနဲ့ ကိုယ့်ဘာသာကိုယ်သွားတယ်ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အားတဲ့အချိန်က သိပ်မတူဘူးလေ။ အဲဒီတော့ ပွဲတက်တာတွေဆို သိပ်မဆုံဖြစ်ဘူး”လို့ ဂျူဂျူးကေက ဆက်လက် ပြောပါတယ်။ ညီမလေး နိုနိုကေအတွက်ကိုကော ဘာတွေအကြံပေး ဖြစ်လဲလို့ဆိုတော့ …

“သူအခုလျှောက်နေတဲ့လမ်းမှာ ကိုယ့်တုန်းက ကြုံတွေ့ခဲ့ရသမျှ အခက်အခဲတွေ၊ ပြဿနာတွေ အကုန်လုံးကို သူ့ကိုShare လုပ်ပေးထားတယ်။ အဲဒီအတွက်ကြောင့် သူ့အလှည့်ရောက်ရင် ဒါမျိုးမဖြစ်အောင် ဘယ်လိုမျိုးပြုပြင်ရမယ်၊ ရှောင်ကြဉ်ရမယ်၊ ပိုကောင်း အောင် ဘာတွေဖြည့်စွက်ပေးရမလဲဆိုတာတွေ ပိုသိသွားတာပေါ့နော်။ သူ့အတွက်ကတော့ ပိုပြီး ကောင်းပါလိမ့်မယ်”လို့ ဂျူဂျူးကေက ပြောပြခဲ့ ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here