အခုရက်ပိုင်းအတွင်း ဂျေလိုနဲ့ အမေရိကန်မေဂျာလိခ်စတား အဲလက်စ် ရိုဒရီဂွက်စ်တို့နှစ်ဦး လော့စ် အိန်ဂျလိစ်က အိမ်ခြံမြေအကျိုး ဆောင်စုံတွဲတစ်တွဲနဲ့ အတူတွဲတွေ့ခဲ့ပြီး အယ်အေမှာ ရုံးခန်းတစ်နေရာငှားဖို့ ကြံစည်နေတာလို့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။
သူတို့ ချစ်သူနှစ်ဦးကို တွေ့ရတဲ့ပုံစံကတော့ အေးအေးဆေးဆေးပါပဲလို့ လည်း နီးစပ်တဲ့ ပရိသတ်တွေ ရဲ့ အင်တာနက်စာမျက်နှာတွေပေါ်မှာ သူတို့စုံတွဲ ဓာတ်ပုံနဲ့ တွဲတင်ထားတာကိုလည်း တွေ့မြင်ဖတ်ရှုကြရမှာပါ။
လက်ရှိအချိန်မှာ ဟောလိဝုဒ် မင်းသမီး၊ လက်တင်အဆိုကျော်၊ အက ပညာရှင်အစရှိတဲ့ ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ထားတဲ့ ဂျနီဖာလိုပက်စ်တစ် ယောက် ၄၈ နှစ်ထဲဝင်လာပြီဖြစ်ပြီး သူ့ရဲ့ချစ်သူအသစ် ရိုဒရီဂွက်စ်ကတော့ ၄၂ နှစ်ဖြစ်ပြီး ဆုကြီးတွေ အများကြီးဆွတ်ခူးထားတဲ့ အမေရိကန်မေဂျာလိခ်အများကြီးမှာ ကစားခဲ့တဲ့ ထိပ်တန်းနာမည်ကျော် ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။
Ref:Hollywood Life