ဦးလေးဖိုးချစ်လို အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ချင်တယ် ကောင်းစစ်မင်း

0
340

သဘင်မင်းသားကောင်းစစ် မင်းရဲ့ အသက် ၁၄နှစ်ပြည့်မွေးနေ့ အကြိုပွဲကို ဇူလိုင်လ၁၁ ရက် နေ့က မင်္ဂလာဒုံရှိ မြို့ရွှေမန်းသား ဖိုးချစ်ရဲ့ သဘင်ခြံဝင်းထဲမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါမွေးနေ့ပွဲကိုတော့ သဘင် မင်းသားကြီးဦးချမ်းသာလည်း တက် ရောက်ခဲ့ပြီး မိဘဆွေမျိုးများ၊ ပရိ သတ်များနဲ့ ပျော်စရာကောင်းခဲ့ပါ တယ်။

”မွေးနေ့ရက်မှာ သားကရုရှား မှာရောက်နေမှာမို့လို့ သားဦးလေးရဲ့ မင်္ဂလာဒုံသဘင်ခြံမှာ အကြိုမွေးနေ့ပွဲကိုပြုလုပ်ခဲ့တာပါ။ သားဘဘ ဦးစိန်ဝင်းသောင်းကိုလည်း ကန် တော့ခဲ့ပါတယ် ။ဘဘကမွေးနေ့အ တွက် ဦးလေးလိုနိုင်ငံကျော်မင်းသား ဖြစ်ပါစေလို့ ဆုတွေပေးပါတယ်။ ဖေကြီး ဦးချမ်းသာကလည်းနိုင်ငံ့ ဂုဏ်ဆောင်မင်းသားတစ်ယောက် ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်။သားအကြိုမွေးနေ့မှာ ဦးလေးကနယ် မှာပွဲကနေလို့ ဒီနှစ်မွေးနေ့မှာအတူတူမလုပ်ဖြစ်ခဲ့ပါဘူး။ သားကိုချစ် တဲ့မိသားစုပရိသတ်များနဲ့ အကြိုမွေး နေ့ပွဲပြုလုပ်ရတာ ဝမ်းသာပီတိဖြစ်မိ ပါတယ်။ သားမွေးနေ့မှာ ပရိသတ် ကြီးကို ကျန်းမာချမ်းသာကြပါစေလို့ သားက ဆုတောင်းပေးလိုက်ပါတယ်” လို့ မွေးနေ့ရှင်ကောင်းစစ်မင်းက မွေးနေ့ဆုခြွေစကားဆိုပါတယ်။

ကောင်းစစ်မင်းရဲ့ မွေးနေ့ရက်က တော့ ဇူလိုင်လ ၁၉ ရက် နေ့ပဲဖြစ် ပါတယ်။ ကောင်းစစ်မင်းကမြို့ရွှေ မန်းသားဖိုးချစ်ရဲ့တူ တစ်ဦးလည်း ဖြစ်ပြီး ငယ်စဉ်ကတည်းက ဦးလေး ဖြစ်သူနဲ့အတူ ဇာတ်ခုံပေါ်မှာ အတူ တူကပြခဲ့ကြပါတယ်။ နောက်ပိုင်းမှာ တော့ ကျောင်းတက်ရင်းအားလပ် ရက်တွေမှာ ဇာတ်ကပြခဲ့ပါတယ်။ သူ ဟာ လူငယ်ပီပီတက်ကြွလန်းဆန်း တဲ့ ခွန်အားတွေနဲ့ သဘင်ပညာကို လေ့လာဆည်းပူးရင်း ဦးလေးဖြစ်သူ လို အောင်မြင်ကျော်ကြားတဲ့သဘင်မင်းသားတစ်ဦးဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here