ကယ်လီဖိုးနီးယားကို အပန်းဖြေခရီးထွက်တဲ့ Esha Deol မိသားစု

0
140

Esha Deol တစ်ယောက် ရိုက်ကွင်းပြီးလို့ အားလပ်တဲ့အချိန်လေးမှာ မိသားစုအတွက် အချိန်အပြည့်အဝပေးပြီး ပျော်ရွှင်မှုတွေ ဖန်တီးခဲ့ပါတယ်။ သူတို့မိသားစုရဲ့ ခရီးစဉ်ကတော့ တအားပျော်စရာကောင်းတဲ့ ကယ်လီဖိုးနီးယား ခရီးစဉ်ပါ။ သူ့ရဲ့ ခင်ပွန်း Bharat Ta Khtania ရယ်၊ သမီးလေး Radhya အပါအဝင် မိသားစု ၃ ယောက်ခရီးက စိတ်ချမ်း မြေ့စရာပါ။ သူတို့ မိသားစု ပုံလေးတွေ အင်စတာဂရမ်မှာ တင်ထားလိုက်ပါသေးတယ်။

အဲဒီမှာ “With our little a bone”(တမီးလ်ဘာသာလို အရုပ်ကလေးလို့ အမည်ရ)ဆိုတဲ့ စာသားလေးကိုဖတ်ပြီး အားလုံးကြည်နူးကြရပါတယ်။ တစ်ချိန် တည်းမှာပဲ မင်းသမီးရဲ့ အမေဖြစ်သူ အိန္ဒိယမင်းသမီးကြီး၊ ထုတ်ဝေသူ Hema Malini ပါ ကယ်လီဖိုးနီးယားမှာ ရောက်ရှိနေခဲ့တာမို့ မိသားစုတွေအတွက် ပိုပြီး ပြည့်စုံတဲ့ ခရီးစဉ်တစ်ခုဖြစ်သွားခဲ့ပါတယ်။

Esha နဲ့ Bharat ဇနီးမောင်နှံ တို့ရဲ့ သမီးလေး Radhya ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ပရိသတ်နဲ့ စတင်မိတ်ဆက်ပေးခဲ့တာပါ။ ဘောလိ ဝုဒ် နာမည်ကျော်မင်းသားကြီး Dharmendra နဲ့ မိခင်မင်းသမီးကြီး Hema malini တို့က ၁၉၈၁ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။

Ref:The Indian Express


LEAVE A REPLY

Please enter your comment!
Please enter your name here