ရယ်စရာတွေနဲ့ ဘဝအမောပြေစေမယ့် ဘော်ဘော်ကထှော် ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသ

0
307

လာဗင်ဒါရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက် တာကိုပေါက်ရိုက်ကူးတဲ့ ‘ဘော်ဘော်ကထှော်’ ရုပ်ရှင် ဇာတ်ကားရဲ့ အထူးပြသပွဲကို ဇူလိုင်လ ၈ ရက်နေ့က သမ္မတ ရုပ်ရှင်ရုံမှာပြသခဲ့ပါတယ်။ အဆိုပါဇာတ်ကားမှာ ဇော်မင်း (မ/ ဒဂုံ)ရဲ့ ဇာတ်လမ်းကို ဇာတ်လမ်းမွမ်းမံနှင့် ဇာတ်ညွှန်း ညီညီဘမောင်က ရေးသားပြီး သရုပ်ဆောင်မြင့်မြတ်၊ ရာဇာ နေဝင်း၊ ခင်လှိုင်၊ ဂျိုကာ၊ ရွှေသမီး၊ ဆုအိမ့်စံနှင့် မုဏ်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဒါရိုက်တာကိုပေါက်က ‘ဒီဇာတ်ကားလေးကို စတင် ရိုက်ကူးမယ်ဆိုတော့ ချောင်းသာတို့၊ ငွေဆောင်တို့လို ရိုက် ဖူးပြီးသားနေရာတွေမှာ မရိုက်ကူးချင်ဘူး။Location အသစ်ကို ကျွန်တော်တို့ လိုက်ရှာတော့ ရေးမြို့နားက ကဗျာဝ ကမ်းခြေလေးကို တွေ့တယ်။ အဲဒီ ကမ်းခြေလေးက ရှုခင်း လေးလည်းလှတော့ ကျွန်တော်တို့ အဲဒီမှာ ရိုက်ကူးဖြစ်တယ်။ ဒီဇာတ်ကားလေးက ပရိသတ်တွေကို ပျော်ရွှင်ရယ်မောစရာ တွေပေးဖို့ရည်ရွယ်ပါတယ်။ ဒီဇာတ်ကားလေးက ပရိ သတ်တွေကို ရယ်မောပျော်ရွှင်စရာတွေ ပေးစွမ်းနိုင်မယ်။ ဘဝအမောတွေလည်း ပြေစေနိုင်မယ်။ ဒါကြောင့် လာ ရောက်ကြည့်ရှုအားပေး ပါဦး”လို့ ပြောပြခဲ့ပါတယ်။

‘ဘော်ဘော်ကထှော်’ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင် လ ၁၃ ရက်နေ့က စတင်ကာ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံကြီး များမှာ ပြသလျက်ရှိပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here