ဘောလုံးသမားဘဝကို စွန့်လွှတ်ပြီး ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဘ၀တစ်ခုလုံးမြှုပ်နှံထားတဲ့ ကျော်ကျော်မျိုး

0
182

ရာကနေ သရုပ်ဆောင်သွားမယ့် ကျော်ကျော်မျိုးက လက်ရှိမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ရုပ်အတွက် အဆင်ပြေချောမွေ့စေဖို့ မြင်းစီးလေ့ကျင့်ခြင်း၊ ဂျပန်စာနဲ့ အင်္ဂလိပ်စာကို လည်း လေ့ကျင့်သင်ယူနေလျက်ရှိပါတယ်။

”မြင်းစီးတာကိုတော့ မနက်ပိုင်းတွေမှာ လေ့ကျင့်တယ်။ ပြီးတော့ အင်္ဂလိပ်စာ လေ့လာတယ်။ ဂျပန်စာလေ့လာတယ်။ မြင်းစီးတာကို ကျွမ်းကျင်အောင်လုပ် ထားမှကိုရမယ့်ကိစ္စဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ဗိုလ်ချုပ်က မြင်းစီးပြီး တော့ တပ်ကိုစစ်ဆေးတဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တယ်လေ။ အဲဒီတော့ ကိုယ့်ဘက်ကနေပိုင်နိုင်အောင်လုပ်ထားရတယ်”လို့ ကျော်ကျော်မျိုးက ဆိုပါတယ်။

ကျော်ကျော်မျိုးဟာ ပြီးခဲ့တဲ့ကာလတုန်းက စိတ်ဓာတ်အနည်း ငယ်ကျသွားခဲ့တာရှိပေမယ့် အခုလက်ရှိအချိန်မှာတော့ စိတ်ဓာတ် တွေဟာအမြင့်ဆုံးအနေအထားကိုရောက်ရှိပြီး ဗိုလ်ချုပ်ရုပ်ရှင်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ကျော်ကျော်မျိုးကတော့ ပြောဆိုလိုက်ပါတယ်။

”ပြီးခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင်အတွက် အဖွဲ့အစည်းက ဖျက်သိမ်းလိုက်တဲ့အ ချိန်ပေါ့။ အဲဒီတုန်းကမရိုက်ကူးဖြစ်တော့ဘူးလို့ပြောတော့ စိတ်ထဲမှာ ဒီရုပ်ရှင် ဇာတ်ကားအတွက် မျှော်လင့်ချက်တွေ အများကြီးရှိနေခဲ့တယ်။ ကျွန်တော့်ရဲ့ မျှော်လင့် ချက်ကြီးက မဖြစ်တော့ဘူးလားဆိုပြီးတော့ စိတ်ဓာတ်ကျသွားခဲ့တယ်။ ကျွန်တော်လည်း ဗိုလ်ချုပ်တို့ ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့နေရာတွေကို ရောက်အောင်သွားခဲ့တယ်။ ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးကို ဗိုလ်ချုပ်ရုပ်ရှင်အတွက် မြှုပ်နှံထားတယ်”လို့ သူ့ရဲ့ မျှော်လင့်ချက် တွေကိုပြောပြပါတယ်။

ကျော်ကျော်မျိုးဟာ ဘောလုံးသမားဘဝကနေ အနားယူလာခဲ့တာ ၆ နှစ်ဆိုတဲ့ သက် တမ်းကို ရောက်ရှိလာခဲ့ပေမယ့်လည်း ဘောလုံးအားကစားနဲ့ အဆက်မပြတ်ခဲ့ဘဲ နယ်ဘက်ကို ပြန်လည်နေထိုင်စဉ်အချိန်တွေမှာ အမြဲတမ်းဘောလုံးကန်ဖြစ်နေတယ်လို့ ဆိုပါတယ်။

”ဒီဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားတစ်ကား အတွက်ကြောင့်ပဲ ကျွန်တော်ရိုးရှင်းစွာနဲ့ပဲ ဘောလုံး သမားဘဝကိုစွန့်လွှတ်ခဲ့တယ်။ ဘာကြောင့် ဘောလုံးသမားဘဝကိုစွန့်လွှတ်ခဲ့တာလဲဆိုရင်တုနှိုင်းမရတဲ့ နိုင်ငံ့ခေါင်းဆောင်ပုဂ္ဂိုလ်နေရာမို့လို့လည်း ဘောလုံးသမားဘဝ ကို စွန့်လွှတ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ဘဝကို ရင်းနှီးခဲ့တယ်။ တစ်ခါ တလေ ကျွန်တော့်အနာဂတ်မိသားစုဘဝကိုတောင် မေ့တဲ့အထိပဲ။ ဒီတစ်ခုအတွက်ပဲ အာရုံစိုက်ထားတယ်။ ဗိုလ်ချုပ်နဲ့ထပ်တူ မကျခဲ့ရင်တောင် အတတ်နိုင်ဆုံးတူအောင် ကျွန် တော်ကြိုးစားသွားမှာဖြစ်တယ်။ ကျွန်တော် အိန္ဒိယက ဂန္ဒီရုပ်ရှင်ဇာတ်ကားကိုလည်း အခါပေါင်းများစွာကြည့်ရှုခဲ့ပြီးပြီ။ လင် ကွန်းဇာတ်ကားလည်း အခါပေါင်းများ စွာကြည့်ရှုပြီးပြီ။ Iron Lady လည်း ကြည့်ရှုပြီးသွားပါပြီ။ သူတို့တွေ သရုပ် ဆောင်ခဲ့တာ ကြောက်ခမန်းလိလိပါပဲ။ အဲဒီမှာ သရုပ်ဆောင်ခဲ့သူတွေဟာ တ ကယ့်ကို ပရော်ဖက်ရှင်နယ် ကျလွန်းပါတယ်။ ကျွန်တော်လည်း အသေးစိတ်တွေ လေ့လာနေ ပါပြီ။ ဆေးလိပ်ကိုင်ပုံ၊ တင်ပျဉ်ခွေထိုင်ပုံတွေကအစ ဘယ် လိုဆိုတာကို အသေးစိတ်လေ့လာပြီး သဏ္ဌာန်လုပ်သရုပ် တူစေရမယ်လို့ ကျွန်တော်အာမခံတယ်”လို့ ကျော်ကျော်မျိုး က ပြောပြခဲ့ပါတယ်။

ကျော်ကျော်မျိုးက ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီးစီး ခဲ့ရင်တော့ ဘောလုံးနည်းပြတစ်ယောက်ဖြစ်အောင်ကြိုးစားပြီး ဘော လုံးနည်းပြတစ်ယောက်အနေနဲ့ပဲ ဘဝကို ဖြတ်သန်းသွားဖို့ ရည်ရွယ်ထား တယ်လို့ သူ့ရဲ့ဆန္ဒကို ပြောပြခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here