အမေ့နဖူးက ချွေးစက်တွေ
ကျီးမနိုးခင်ကတည်းက
ရပ်ကွက်ထဲက အိမ်တွေမှာ
ဝမ်းစာအရှာထွက်နေခဲ့ရ။
အိပ်ရာထဲလဲနေတဲ့
နာတာရှည် ရောဂါသည်အဖေ
သွေးရူးသွေးတန်းနဲ့
အသက်ကို နဂိုရည်မပျက်အောင်
ဆန့်ထုတ်နေလေရဲ့။
ကားတဝီဝီကြား
ဟိုဘက်လမ်း ဒီဘက်လမ်းဖြတ်ကူးရင်း
အမှိုက်ပုံထဲ ကျွန်တော်ခေါင်းထိုးရှာ
ပလတ်စတစ်အိတ် ရေသန့်ဘူးခွံတွေက
ခပ်စပ်စပ် မိသားစုဒဏ်ရာတွေကို
ခဏတာ ကျက်စေရော့မယ်။
ဒီလိုနဲ့
၉၆ ပါးသော ရိက္ခာတွေကို ထုပ်ပိုးပြီး
တစ်ဆောင်းပြီး တစ်ဆောင်းခိုလို့
ကျွန်တော်တို့။
လင်းပြည့်အိမ်