ဇော်ဝင်းထွဋ်၊ဝေလ၊ Big Bag၊ Idiots ၊ဖြူဖြူကျော်သိန်း တို့နဲ့ Bella Music Tour ထွက်မယ်

0
414

 

ယောက်ျားပီသပြီး Powerful ဖြစ်တဲ့၊ ပရိသတ်တောင်းဆိုတဲ့ အဆို တော်တွေနဲ့ Bella က လက်တွဲပြီး Music Show ပြုလုပ်ဖို့ စီစဉ်နေ ကြောင်း မဝေသစ်လွင်က ပြောပါတယ်။ Bella Music Show မှာ ဘယ်အဆိုတော်တွေ ပါဝင်မှာလဲ၊ ဘယ်အဆိုတော်တွေနဲ့ Music Tour ထွက်မှာလဲဆိုတာကို မဝေသစ်လွင်က…

”သစ်ကတော့ ဦးညီထွဋ် ပရိသတ်ဖြစ်တဲ့အတွက် ဦးညီထွဋ်နဲ့ ရိုက်ကူးဖို့ရှိတယ်။ သစ် အမျိုးသားက ကိုဝေလကို တအားကြိုက်တယ်။ သူက အဆိုရော၊ အရေးရောရတယ်။ Bella Men Care က ထုတ်လုပ် တဲ့ ပစ္စည်းတွေက တကယ့်ကြမ်းကြမ်းတမ်းတမ်း၊ ယောက်ျားပီပီသသနဲ့ ကျားကျားလျားလျား ယောက်ျားတွေသုံးတဲ့ ပစ္စည်းဖြစ်လို့ပါ။ ပြီးတော့ Powerful ဖြစ်ကြတယ်ပေါ့။ သစ်က ဦးညီထွဋ်ရယ်၊ ကိုမျိုးကျော့မြိုင်ကို တအား ကြိုက်တယ်။ အဲဒါကြောင့် Bella မှာကိုမျိုးကျော့သီချင်းတွေကို အဓိက သုံးဖြစ်တာပါ။ ဥပမာ- ‘မိုးလေးဖွဲတုန်း သတိရတယ်’ပေါ့။ ငယ်ငယ်ကတည်းက အကြိုက်ဆုံးသီချင်းပေါ့။ ကိုမျိုးကျော့က မခိုင်ကြီး (ထွန်းအိန္ဒြာဗိုလ်) ကို 1996 Sony အဆိုပြိုင်ပွဲမှာ ရေးသားပေးခဲ့တဲ့ သီချင်း။ တအားကြိုက်တယ်။ ကိုမျိုးကျော့ သီချင်းတိုင်း ကြိုက်တယ်။ ဒါပေမဲ့ ကိုမျိုးကျော့က ရိုက်၊ မရိုက်မသေချာသေးဘူး။ သူက Myanmar Idol နဲ့ အလုပ်ရှုပ်နေတာဆိုတော့လေ”လို့ ပြောပါတယ်။ နောက်ထပ် ကော ဘယ်သူတွေပါဦးမလဲလို့ ဆက်လက်မေးကြည့်တော့ …

နောက်ထပ်က ကိုကျားပေါက်။ ကိုကျားပေါက်ဆိုရင်လည်း ခေတ် တစ်ခေတ်ကို တည်ထောင်ခဲ့တာ။ အဲဒီအတွက်ကြောင့် သူနဲ့ရိုက်ကူးဖို့ ရှိပါတယ်။ ပြီးရင် ရေမွန်တို့ Idiots ပေါ့နော်။ သစ်တို့ တစ်ရုံးလုံးက ရေမွန်၊ ရေမွန် ဖြစ်နေတာကိုး။ ရိုက်ကူးမယ်။ ပြီးတော့ ဦးညီထွဋ်ရယ်၊ ကိုဝေလရယ်၊ ကိုမျိုးကျော့ ပါ၊ မပါမသေချာသေးဘူး။ ကိုကျားပေါက်ရယ်၊ Idiots ရယ်၊ မဖြူဖြူကျော်သိန်းရယ်နဲ့ Bella Music Show လုပ်ဖို့ရှိ ပါတယ်။ ပြီးတော့ တစ်နိုင်ငံလုံးကို Music Tour ထွက်ဖို့ရှိပါတယ်” လို့ မဝေသစ်လွင်ကပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here