အသစ်တွေအတွက် အခွင့်အရေးနည်းပါးတဲ့ ရုပ်ရှင်၊ ဗီဒီယိုလောကအကြောင်း ရွှေပိုးအိမ် ဖွင့်ဟ

0
427

အလုပ်တွေက တအားကောင်းနေတယ်တော့ မဟုတ်ပါဘူး။ ကြိုးကြားကြိုးကြားပါပဲ။ အခွင့်အရေးရလာတဲ့ အပေါ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်လို့ သရုပ်ဆောင်ရွှေပိုးအိမ်က သူ့ရဲ့ လက်ရှိ လှုပ်ရှားဖြစ်နေ တဲ့ အနေအထားအပေါ် ဖွင့်ဟလာပါတယ်။ ဗီဒီယို လောကကလည်း အခြေအနေမကောင်း၊ ရုပ်ရှင်ဇာတ်ကားတွေက လည်း နာမည်ကြီးအနုပညာရှင်တွေပဲ ရိုက်ကူးနေရတဲ့အခါကျတော့ သူတို့လို သရုပ်ဆောင်အသစ်တွေက ဘေးကျပ် နံကျပ်အနေအထား ဖြစ်နေကြောင်းလည်း သိရပါတယ်။

”ရုပ်ရှင်က အောင်မြင်နေတဲ့သူတွေပဲ ဇာတ်ကားတိုင်း၊ ဇာတ်ကားတိုင်းမှာ ပါဝင်ခွင့်ရှိတယ်။ ရွှေပိုးတို့ကျတော့ မအောင်မြင်သေးဘူး။ ကိုယ်ကတက်သစ်စဆိုလည်း ဟုတ်တယ်။ အသစ်တစ်ယောက်ဆိုလည်း ဟုတ်တဲ့ အတွက်ကြောင့် ဆယ်ကားမှာတစ်ကား၊ ကားနှစ်ဆယ်မှာ တစ်ကားပဲ ပါဝင်ခွင့်ရှိတဲ့အတွက်ကြောင့်မို့လို့ အခွင့်အရေး နည်းပါးပါတယ်။ ဗီဒီယိုလည်း ဒီလိုပါပဲ။ ဗီဒီယိုဆိုရင် အရင်ကဆို တစ်လတစ်ကား အမြဲတမ်းရိုက်ခွင့်ရတယ်။ အခု ဗီဒီယိုဈေးကွက်မကောင်းတဲ့အခါကျတော့ ၃ လ လောက်နေမှ တစ်ကား၊ ၆ လလောက်နေမှ တစ်ကား ဆိုတော့ ကားရိုက်တွေကျဲလာတဲ့ အနေအထားမှာရှိပါတယ်။ ဒီလိုမျိုး ဈေးကွက်တွေ မကောင်းလာတဲ့အပေါ် ရွှေပိုးတို့အနေနဲ့က ဇာတ်လမ်းတွေ၊ ကာရိုက်တာတွေကို လုံးဝ ရွေးချယ်ခွင့်မရှိဘူး။ ရတဲ့အလုပ်အပေါ်မှာ အကောင်း ဆုံးဖြစ်အောင် လုပ်ဆောင်တော့မှပဲ ပရိသတ်နဲ့ အဆက်အသွယ် မပြတ်မှာပေါ့နော်။ အဲဒီတော့ ရတဲ့အခွင့်အရေး အပေါ်မှာပဲ ရွှေပိုးက အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်”လို့ ရွှေ ပိုးအိမ်က ပြောပြပါတယ်။

ရွှေပိုးအိမ်ရဲ့ လတ်တလောအချစ်ရေးက .. ”အချစ်ရေး ကတော့ အေးအေးဆေးဆေးပါပဲ။ ရွှေပိုးကိုချစ်တဲ့ We Love တွေရှိတယ်။ အမေနဲ့ ညီမရှိတယ်။ သူတို့ချစ်တဲ့အချစ်နဲ့တင် ပြည့်စုံနေပါပြီ”လို့ ပြောပြခဲ့ပါ တယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here