Miss International Queen Myanmar 2020 အဖြစ် အလှမယ် ပန်းနုသွေး ရွေးချယ်ခံရ

0
210

Transgender အလှမယ်တွေ အတွက် Dr.Face Skincare က ကြီးမှူးကျင်းပတဲ့ Face of Beauty Queen 2018 ဖိုင်နယ်အဆင့် မြန်မာ ကိုယ်စားပြုအလှမယ် ရွေးချယ်ပွဲကြီး ကို ဇူလိုင်လ ၁၁ ရက်နေ့က ရန်ကုန် မြို့ Junction City မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါပွဲမှာ Miss International Queen Myanmar 2020 အဖြစ် Transgender အလှမယ်တစ်ဦးဖြစ်တဲ့ ပန်းနုသွေးက ရွေးချယ်ခံရပြီး ထိုင်းနိုင်ငံမှာ ကျင်းပ ပြုလုပ်မယ့် Miss International Queen ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ် စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။ Winner ဆုရရှိခဲ့ တဲ့ အလှမယ် ပန်းနုသွေးကို လက်ရှိ အလှမယ်ဖြစ်တဲ့ ပိုင်ပိုင်က သရဖူ လွှဲပြောင်းပေးအပ်ခဲ့ပြီး Dr.Face က ကျပ်သိန်း ၃ဝ တန်ဖိုးရှိတဲ့ အလှအပ ပြုပြင်ကုသမှုတွေကို ဆုအဖြစ် ပေး အပ်ချီးမြှင့်ခဲ့ပါတယ်။

1st Runner-up ဆုကို စစ်ပိုး အိမ်၊ 2nd Runner-up ဆုကို ပန်း နုရတီတို့က ရရှိခဲ့ပြီး 1st Runner-up ဆုရှင်ကို ကျပ် ၁ဝသိန်းတန် Gift Voucher၊ 2nd Runner-up ဆုရှင် ကို ကျပ် ၅ သိန်းတန် Gift Voucher တွေကို Dr.Face Skincare ရဲ့ တာဝန်ရှိသူတွေက အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ တော့ စပိန်နိုင်ငံမှာ ကျင်းပပြုလုပ် မယ့် Miss Trans Star ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် နှစ် အလိုက် သွားရောက်ယှဉ်ပြိုင်ရမယ့် Miss Trans Star Myanmar 2018 ဆုကို သြလေး၊ Miss Trans Star Myanmar 2019 ဆုကို ခြူးတို့ ကရရှိခဲ့ပြီး ဆုရရှိသူတွေကို Dr.Face က ကျပ်သိန်း ၃ဝ တန်ဖိုးရှိတဲ့ အလှ အပဆိုင်ရာ ပြုပြင်ကုသမှုတွေကို ဆု အဖြစ် အသီးသီးပေးအပ်ခဲ့ပါတယ်။

Face of Beauty Queen 2018 ဆန်ခါတင် ရွေးချယ်ခံရသူတွေ ကို တရားဝင်ကြေညာခြင်း၊ စလွယ် ပေးအပ်ခြင်းနဲ့ စာနယ်ဇင်းမိတ်ဆက် ခြင်းတွေကို Dr.Face Skincare အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂ဝ ရက်နေ့ မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ကာ ဆန်ခါတင်အလှမယ် ၂၄ ဦးထဲကမှ အခုလို ဖိုင်နယ်အဆင့် ထပ်မံရွေး ချယ်ခဲ့တာဖြစ်ပါတယ်။

စုမွန်


LEAVE A REPLY

Please enter your comment!
Please enter your name here