About Time ဇာတ်လမ်းတွဲ အကြောင်း ပြန်လည် ပြောကြားခဲ့တဲ့ Lee Sung Kyung နဲ့ Lee Saung Yoon

0
243

tvN ဇာတ်လမ်းတွဲ About Time ဟာ ဇူလိုင် ၁၀ ရက်နေ့က ဇာတ်သိမ်းသွားခဲ့ပါတယ်။ Choi Michaela အဖြစ် ပါဝင်ခဲ့တဲ့ ခေါင်းဆောင် မင်းသမီး Lee Sung Kyung က “About Time” အချစ် ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ရတာကို အလွန်ပျော်ရွှင်ခဲ့ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေး မှုကို လက်ခံရရှိခဲ့လို့လည်း အတိုင်းမသိဝမ်းသာကြောင်း ပြောကြားခဲ့ ပါတယ်။

မင်းသား Lee Saung Yoon ကတော့ ကာရိုက်တာနဲ့ တစ်ထပ် တည်းကျအောင် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ပရိသတ်တွေက ကြိုက် နှစ်သက်ပြီး အခုလိုအောင်မြင်စွာ ပြီးဆုံးသွားတဲ့အတွက် စိတ်ချမ်း သာတယ်လို့ ပြောကြားခဲ့ပါတယ်။ About Time ဇာတ်လမ်းတွဲကို မေလ ၂၁ ရက်နေ့က စတင်ကာ အပိုင်း ၁၆ ပိုင်း ထုတ်လွှင့်ပြသခဲ့ပြီး ဇူလိုင် ၁၀ ရက်နေ့ကဇာတ်သိမ်းပိုင်းထုတ်လွှင့်မှုပြီးခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here