ရုပ်ရှင်ဇာတ်ဝင်တေးဘက်မှာပါ အောင်မြင်မှုရရှိလာတဲ့ တေးရေး ဝေကြီး

0
199

 

တေးရေး ဝေကြီးဟာ အခု နောက်ပိုင်းမှာ တစ်ဟုန်ထိုး အောင် မြင်လာတဲ့ နာမည်ကျော် တေးရေး ဆရာတစ်ဦးအဖြစ် ရပ်တည်လာနေ ပြီဖြစ်ပါတယ်။ တေးရေးဝေကြီး ရေး သားတဲ့ သီချင်းအတော်များများဟာ အေးတဲ့ဘက်ကို ဦးတည်တာများပေ မယ့်လည်း သီဆိုလိုက်တဲ့ တေးသံရှင် ရဲ့ ဆိုဟန်နဲ့ လိုက်လျောညီထွေမှု ရှိ အောင် ရေးစပ်နိုင်သူမို့ သူရေးသား ပေးလိုက်တဲ့ သီချင်းအများစုဟာ အောင်မြင်တဲ့ သီချင်းတွေအဖြစ် မြင်တွေ့ခဲ့ရပါတယ်။ သူရေးစပ်သမျှ သီချင်းတွေတိုင်းဟာ ပေါက် သီချင်း တွေအဖြစ် ရပ်တည်နေတာမို့ အဲဒီ အပေါ် သူ့ရဲ့ခံစားမှုက ဘယ်လိုရှိ သလဲလို့ မေးဖြစ်တော့…

”အဲဒီလိုပြောကြတဲ့ အတွက် တအားကျေးဇူးတင်ပါတယ်။ အဓိက ကတော့ ကျွန်တော့်တစ်ယောက် တည်း ကြိုးစားအားထုတ်မှုကြောင့် လုံးဝမဟုတ်ပါဘူး။ ဆိုတဲ့သူ၊ တီးတဲ့ သူ၊ ဟာမိုနီ၊ Mixing၊ ကုန်ကုန်ပြော ရရင် စတူဒီယိုက အသံဖမ်း အင်ဂျင် နီယာက အစပေါ့။ အားလုံးရဲ့ ပံ့ပိုးမှု တွေကြောင့်ပါ။ ပြီးတော့ ကံပေါ့နော်။ အဲဒီအပေါ်မှာ မူတည်နေတာဖြစ်ပါ တယ်။ ပြီးတော့ ပရိသတ်ရဲ့ အားပေး မှုကြောင့်ပေါ့” လို့ ပြောပြပေးပါတယ်။

နောက်တစ်ခုကတော့ အခု လက်ရှိတေးရေးဝေကြီး ရေးသားပေး ထားတဲ့ ‘တိမ်တိုက်တံတား’ ရုပ်ရှင် ဇာတ်ကားရဲ့ ဇာတ်ဝင်တေးဟာ ပရိသတ်တွေကြားမှာ ရေပန်းစား အောင်မြင်နေလျက်ရှိနေပါတယ်။ အဲဒါကြောင့်လည်း ရုပ်ရှင်ဇာတ်ဝင် တေး ရေးသားမှုနဲ့ တေးသံရှင်ရဲ့ စီးရီးအတွက် သီချင်းတွေ ရေးသား မှုဟာ ဘယ်လိုကွာခြားမှုတွေရှိသလဲ ဆိုတဲ့ အပေါ်ကိုတော့ တေးရေး ဝေကြီးက…

” အဆိုပိုင်းအတွက် ရေး သားပေးရတာကျတော့ ကျွန်တော် တို့က ပိုပြီးတော့ ကျွမ်းကျင်တယ်။ ဆိုလိုတာက တီးလုံးအပိုင်းတွေပေါ့။ ရုပ်ပိုင်းပါပါလာပြီဆိုတဲ့အခါမှာ သူ တို့လိုချင်တဲ့ပုံစံကို ကိုယ်ကအရင်စဉ်း စားရတယ်။ ရုပ်ရှင်တစ်ခုရဲ့ ရှုထောင့် အမျိုးမျိုးကို ကြည့်ပြီး ရေးဖွဲ့ရတာဆို တော့ နည်းနည်းတော့ ပင်ပန်းတယ်။ ပိုပြီးတော့ ဂရုတစိုက်လုပ်ရတယ်။ လွတ်လွတ်လပ်လပ်တော့ သိပ်မရှိ ဘူးပေါ့။ ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းအပေါ် ကိုကြည့်ပြီးတော့ ရေးရတဲ့အခါ လည်း ရှိတယ်။ သီဆိုတဲ့သူကလည်း ကောင်းဖို့လိုတယ်။ ‘တိမ်တိုက်တံ တား’ ရုပ်ရှင် ဇာတ်ဝင်သီချင်းကို သီ ဆိုပေးတဲ့ ကိုမိုးဈာန်ဆိုရင်ဆိုတာ တအားကောင်းတယ်။ အဲဒီသီချင်းကို တအားလည်း အားရတယ်။ ရုပ်ရှင် ဇာတ်ကားကိုလည်း တအားကြိုက် တယ်” လို့ ပြောပြပေးပါတယ်။

လက် ရှိမှာလည်း ‘ဒဏ္ဍာရီမိုး’ ရုပ်ရှင်ဇာတ် ကားရဲ့ ဇာတ်ဝင်တေးကို ရေးသားဖို့ ပြင်ဆင်နေပြီး နာမည်ကျော် အကယ် ဒမီ ဒါရိုက်တာဝိုင်းရဲ့ ရုပ်ရှင်ဇာတ် ကားတစ်ခုအတွက်လည်း ဇာတ်ဝင် တေးရေးစပ်ပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ တေးရေးပိုင်းမှာ အောင် မြင်လာပေမယ့်လည်း သူ့အနေနဲ့ တစ်ကိုယ်တော်စီးရီးခွေ စီစဉ်တာမျိုး ပြုလုပ်ဖို့ရှိလာမှာ မဟုတ်ဘူးလို့လည်း ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here