မြို့မအသင်းနဲ့ သီချင်းတွေ သီဆိုခဲ့တဲ့ဈေးချိုသူ အဆိုတော်ကြီး ဒေါ်ကြွယ်ကြွယ်

0
151

မြို့မအပျော်တမ်းအသင်းနဲ့ သီချင်းတွေသီဆိုခဲ့တဲ့ အဆိုတော်ကြီးဒေါ်ကြွယ်ကြွယ်က အခုအချိန်မှာတော့ ပုလဲမြို့သစ်မှာတည်ရှိနေတဲ့အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာနေထိုင်လျက်ရှိပါတယ်။ သူဟာတစ်ချိန်တုန်း ကာလကမြို့မ အပျော်တမ်းအသင်းနဲ့အတူတွဲ သီချင်းပေါင်းများစွာသီဆိုခဲ့တဲ့ အဆိုတော်ကြီးတစ်ဦး လည်းဖြစ်ပါတယ်။ မြို့မအသင်းနဲ့အတူတွဲလုပ်ကိုင်ခွင့်ရတဲ့အတွက် ဂီတနဲ့ ပတ်သက် လို့အတွေ့အကြုံတွေများစွာရရှိခဲ့ပြီး ဂီတအနုပညာကိုလည်း ပိုမိုချစ်မြတ်နိုး တတ်လာ တယ်လို့ အဘွားဒေါ်ကြွယ်ကြွယ်ကပြောပြပါတယ်။

”မြို့မအဝန်းအဝိုင်းထဲမှာပဲ ကြီးပြင်းလာခဲ့တာဆိုတော့ သီချင်းတွေကတော့ သီဆိုတတ်နေတော့တာပေါ့လေ။ ပြီးတော့သီချင်းတွေကဆရာမြို့မငြိမ်း ရေးတာ ကမြင့်တယ်လေ။ အဲဒီတော့ဆရာမြို့မငြိမ်းသီချင်းတွေသီဆိုပြီးပြီဆိုတော့ တခြား သီချင်းတွေသီဆိုရတဲ့အခါပိုင်နိုင်သွားတာပေါ့။ မြို့မအသင်းကရေးတဲ့သီချင်း တွေပဲ သီဆိုရတာ။ မြို့မအသင်း မှာက အပြင်သီချင်းမဆိုရဘူး။ မြို့မငြိမ်းရေးတာ သို့မဟုတ် မြို့မအသင်းကအသင်းသားတွေရေး တာမျိုးကိုပဲဆိုရတာ” လို့ မြို့မအ သင်းနဲ့ ဖြတ် သန်းခဲ့ရတဲ့ကာလကို ပြန်လည်ပြောပြပါတယ်။ အဘွား ဒေါ်ကြွယ်ကြွယ်က အသက်၃၅နှစ် အရွယ်မှာတော့ ဂီတလောကကနေအနားယူခဲ့ပါတယ်။ တစ်ဦးတည်း သော သမီးဖြစ်တဲ့သူ့အနေနဲ့ မိဘတွေကွယ်လွန်သွားတဲ့အချိန်မှာတော့ စီးပွား ရေးလောကထဲကိုဝင်ရောက်ရှိခဲ့ရခြင်းကြောင့်သီချင်းတွေမသီဆိုဖြစ်တော့ ခြင်းဖြစ် လည်းဖြစ်ပါတယ်။

”တစ်ခါတလေကျတော့လည်း သီချင်းတွေပြန်ဆိုဖို့ စိတ်တော့ကူးတာပေါ့လေ။ ဒါပေမဲ့ စီးပွားရေးက တစ်ဖက်ဆိုတော့ လုပ်လို့မဖြစ် တော့ဘူးလေ။ မကင်းရာမကင်း ကြောင်းတွေက သီချင်းဆိုပါ။ နင့်အသံမကြားရတာကြာပြီဆိုပြီး ဆိုခိုင်းရင် တော့ သီဆိုဖြစ်ပါတယ်” လို့ အဘွားဒေါ်ကြွယ်ကြွယ်က ပြောပါတယ်။ အဘွားဒေါ်ကြွယ်ကြွယ်ကရဲ့ကျန်းမာရေးကတော့ သွေးတိုးပဲနည်းနည်းရှိပြီး ဒူးခေါင်းတော့သိပ်မကောင်း ဘူး လို့သိရပါတယ်။

အဘွားကြွယ်က လူငယ်တွေအတွက်သြဝါဒစကားကိုလည်းအခုလို ပြောပေးခဲ့ တာက…

”ကိုယ်ရောက်ရှိတဲ့နေရာမှာဘာပဲဖြစ်ဖြစ် ပီပီပြင်ပြင်နဲ့ သန့်သန့်ရှင်းရှင်းနဲ့ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ အလုပ်လုပ်တာက ပိုကောင်းပါတယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ လည်း မလွတ်ကြစေချင်ဘူး” လို့ ပြောခဲ့ပါတယ်။ အဘွား ဒေါ်ကြွယ်ကြွယ်က အခုအချိန်မှာတော့ အသက် ၇၄နှစ်ထဲကို ရောက်ရှိလို့ လာခဲ့ပြီ လည်းဖြစ်ပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here